
မြန်မာပြည်မှ
သရုပ်ဆောင်လောကတွင် အအောင်မြင်ဆုံး နှင့် အကျော်ကြားဆုံး မင်းသမီးကို
ပြပါဆိုလျှင် အိန္ဒြာကျော်ဇင် ဟု လက်ညှိုးထိုး ပြရလိမ့်မည် ။ ထို့အပြင်
ကြေငြာများနှင့် ရှိုးပွဲများတွင်လည်း မြင်တွေ့ရသော မော်ဒယ်လ် မင်းသမီး
ဟူ၍လည်း ပြောနိုင်သည် ။ သူမကို ၂၄ ရက် ဧပြီလ ၁၉၇၇ တွင် ဒေါ်မြသီတာ နှင့်
ဦးကျော်ဇင် တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အငယ်ဆုံး သမီးလည်း
ဖြစ်သည် ။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ၏ မြေးတစ်ဦး လည်းဖြစ် စာရေးဆရာ
ဒဂုန်တာရာ ၏ တူမလည်း ဖြစ်သည် ။ ထို့အပြင် တေးသံရှင် ဟေမာနေဝင်း နှင့်
သရုပ်ဆောင် ရာဇာနေဝင်း တို့ နှင့်လည်း မောင်နှမ ဝမ်းကွဲ တော်စပ်သည် ။