
သူမရဲ့ နာမည်က ဝတ်မှုန်ရွှေရည် ၊ လှပပြီး ချစ်စရာကောင်းတဲ့
အမူအရာလေးတွေကြောင့် ပရိတ်သတ် အသည်းစွဲ နိုင်ငံကျော် ကြေငြာ မော်ဒယ်လ်
မင်းသမီး တစ်လက် ၊ သူမကို သြဂုတ် ၁၀ ရက် ၁၉၈၈ မှာ ဦးဝင်းသိန်းနိုင် နှင့်
ဒေါ်မီမီလွင် တို့မှ ရန်ကုန်မြို့တွင် မွေးဖွားပေးခဲ့ပါတယ် ။ ရုပ်ရှင်
သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဖွေးဖွေး နှင့် ညီအစ်မ တစ်ဝမ်းကွဲ တော်စပ်သူလည်း
ဖြစ်ပါတယ် ။
ဝတ်မှုန် ရဲ့ တစ်ခြား နာမည် ( Nickname ) တွေကတော့ ကစ်ကစ် ၊ မှုန်မှုန်
အစရှိသဖြင့် ခေါ်ကြပါတယ် ။ သူမဟာ ၂၀၀၉ ခုနှစ် မှ စပြီး ကြေငြာများ
ရိုက်ကူး၍ စတင် သရုပ်ဆောင် ခဲ့ပါတယ် ။ သူမရဲ့ ပထမဦးဆုံး
ခေါင်းဆောင်ရိုက်ကူးသော ဇာတ်ကားမှာ " ဘာဘီ အရုပ်ကလေး " ဖြစ်ပြီး
အောင်ရဲလင်း မှာ မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ် ။ သူမ နှင့် အတွဲ
အညီဆုံး မင်းသားမှာ ပြေတီဦး ဖြစ်ပြီး ကြေငြာများ နှင့် ရုပ်ရှင် များတွင်
အများဆုံး တွဲ၍ သရုပ်ဆောင်ထားကြ ပါတယ် ။ ဝတ်မှုန် သည် ဗုဒ္ဓဘာသာဝင် တစ်ဦး
ဖြစ်ပြီး ဘာသာတရား ကိုင်းရှိုင်း သူလည်း ဖြစ်ပါတယ် ။ သူမသည် ပရဟိတ
လုပ်ငန်းအဖြစ် ဒီဇင်ဘာ ၄ ရက် ၂၀၁၁ တွင် ပြေတီဦး ၏ ပြေတီဦး
ပညာရေးဖောင်ဒေးရှင်း ၏ ရံပုံငွေ ပွဲတွင် စင်ကာပူ သွားမည့် အစီအစဉ်အား ဖျက်၍
ပါဝင် ဖျော်ဖြေခဲ့သည် ။ အနုပညာကြေးအားလုံးကို လည်း ဖောင်ဒေးရှင်းသို့
လှူဒါန်း ခဲ့ပါတယ် ။ ယခုဆိုလျှင် သူမပါဝင် သရုပ်ဆောင်ထားသော
ဇာတ်ကားအရေအတွက်မှာ ၁၀၀ အထက်တွင် ရှိနေပြီ ဖြစ်သည် ။
No comments:
Post a Comment