♥♥♥ Welcome to Healthy & Knowledge ♥♥♥ လာရောက်သူအပေါင်းကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ...♥♥♥
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, October 6, 2013

အိန္ဒြာကျော်ဇင်

  Photo
မြန်မာပြည်မှ သရုပ်ဆောင်လောကတွင် အအောင်မြင်ဆုံး နှင့် အကျော်ကြားဆုံး မင်းသမီးကို ပြပါဆိုလျှင် အိန္ဒြာကျော်ဇင် ဟု လက်ညှိုးထိုး ပြရလိမ့်မည် ။ ထို့အပြင် ကြေငြာများနှင့် ရှိုးပွဲများတွင်လည်း မြင်တွေ့ရသော မော်ဒယ်လ် မင်းသမီး ဟူ၍လည်း ပြောနိုင်သည် ။ သူမကို ၂၄ ရက် ဧပြီလ ၁၉၇၇ တွင် ဒေါ်မြသီတာ နှင့် ဦးကျော်ဇင် တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အငယ်ဆုံး သမီးလည်း ဖြစ်သည် ။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ၏ မြေးတစ်ဦး လည်းဖြစ် စာရေးဆရာ ဒဂုန်တာရာ ၏ တူမလည်း ဖြစ်သည် ။ ထို့အပြင် တေးသံရှင် ဟေမာနေဝင်း နှင့် သရုပ်ဆောင် ရာဇာနေဝင်း တို့ နှင့်လည်း မောင်နှမ ဝမ်းကွဲ တော်စပ်သည် ။
အိန္ဒြာကျော်ဇင် သည် အ.ထ.က ( ၁ ) ဒဂုံ မှ ကျောင်းသူဟောင်း တစ်ဦး ဖြစ်ပြီး ဓာတုဗေဒ ဘွဲ့ကို ရရှိထားသူလည်း ဖြစ်သည် ။ သူမသည် အပျော်တမ်း ပန်းချီဆရာမ ( သို့ ) ဆရာဝန်မ တစ်ဦး ဖြစ်ချင်ခဲ့သည် ။ သို့သော် အထက်တန်းကျောင်း ပြီးဆုံးချိန်တွင် သူမ၏ ရည်ရွယ်ချက်အား ပြောင်းလဲခဲ့သည် ။ ပထမဆုံး အနုပညာခြေလှမ်း အဖြစ် Miss Contest ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် Miss Kokkine နှင့် Miss Christmas ဆုများကို တစ်နှစ်တည်းမှာပင် ရရှိခဲ့သည် ။ ထိုသို့ အောင်မြင်မှုများ ရရှိအပြီး ၂ နှစ်အတွင်းမှာပင် မဂ္ဂဇင်းများနှင့် မော်ဒယ်လ်ရှိုးပွဲများတွင် ကျော်ကြားသူတစ်ဦး ဖြစ်ခဲ့သည် ။ ၂၀၀၀ ခုနှစ် အတွင်း မှ “ ပျော်လိုက်ကြရအောင် ” ဇာတ်ကားတွင် မင်းသမီနေရာမှ ပါဝင် သရုပ်ဆောင် ခဲ့ပြီး အောင်မြင်မှုအား တဟုန်ထိုး ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည် ။
 
၂၀၀၄ ခုနှစ် တွင် “ မျက်နှာများတဲ့ ကောင်းကင် ” ရုပ်ရှင် ဇာတ်ကားအတွင်း ဗီလိန်နေရာမှ သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ အကယ်ဒမီ ထူးချွန်ဆုအား ရရှိခဲ့သည် ။ နောက်ပိုင်းတွင်လည်း ရုပ်ရှင် ၊ ဗီဒီယို နှင့် ကြေငြာများစွာကိုလည်း ရိုက်ကူးခဲ့သည် ။ ထိုအချိန်တွင် သူမ၏ အသက်သည် ၃၀ ကျော်သို့ ချဉ်းနင်း ဝင်ရောက်ပြီ ဖြစ်သော်လည်း ထိပ်တန်း မော်ဒယ်လ် နှင့် သရုပ်ဆောင် တစ်ဥိးအဖြစ် နေရာယူ ရပ်တည်လျက်ပင် ရှိသည် ။
 Photo: Yummy French Fries From Mary Brown...*-*
၂၀၁၁ ခုနှစ်တွင် သရုပ်ဆောင်မင်းသား ပြေတီဦး နှင့် လက်ထပ်ခဲ့ပြီး ၁၄ ရက် အောက်တိုဘာ တွင် တစ်ဦးတည်းသောသမီးလေး ပြေသုဒြာ အား မွေးဖွားခဲ့သည် ။ အိန္ဒြာကျော်ဇင်သည် လူမှုရေး အသင်းအဖွဲ့များတွင်လည်း ပါဝင်၍ ကူညီမှုများ ပြုလုပ်ပေးလျက်ရှိသည် ။ သူမသည် ယနေ့ခေတ် မင်းသမီးများ နှင့် မော်ဒယ်လ်များ အတွက်လည်း ရှေ့ဆောင်လမ်းပြ သရုပ်ဆောင်ကောင်း တစ်လက် ဖြစ်ပေတော့သည် ။
 Photo

No comments:

Post a Comment