ပန်းချီဆရာမလေး မေကို

သူမရဲ့
အမည်ရင်းကတော့ မေကိုဦး ဖြစ်ပြီး သူမကို ၆ ရက် ဇန်နဝါရီလ ၁၉၈၉ ခုနှစ်တွင်
မန္တလေးမြို့၌ မွေးဖွားခဲ့ သည် ။ သူမသည် ငယ်စဉ်ကပင် ပန်းချီပညာကို
စိတ်ဝင်စားခဲ့သည် ။ ထို့နောက် သူမ၏ မိသားစုသည် ရန်ကုန်သို့
ပြောင်းရွေ့ခဲ့ကြသည် ။ သူမသည် အမှတ် ( ၂ ) အခြေခံပညာအထက်တန်းကျောင်း ၊
ဒဂုံ မြို့နယ် တွင် ပညာသင်ကြားခဲ့ပြီး ပဉ္စမတန်းပြီး ဆုံး ၍ နွေ ရာသီ
ကျောင်းပိတ်ရက်များတွင် ပန်းချီဆရာ ဦးသက်ဦး ဆီမှ အခြေခံပန်းချီ ပညာကို
သင်ယူခဲ့သူလည်း ဖြစ်သည် ။
ထို
နွေရာသီ ပန်းချီ သင်တန်းတွင် ပန်းချီဆွဲ ပြိုင်ပွဲ ပြုလုပ်ခဲ့ ရာ၌ သူမ သည်
ပထမဆုကို ရရှိခဲ့သည် ။ ထို့ နောက် ကျောင်း တွင်း ပန်းချီပြိုင်ပွဲ ၊
ကာတွန်းဆွဲပြိုင်ပွဲ နှင့် ပိုစတာပြိုင်ပွဲ များ၌လည်း သူမသည် ဆဌမတန်း မှ
နဝမတန်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်စဉ်တိုင်း ဆုများ ရရှိခဲ့လေသည် ။
သူမဟာ
ကျောင်းတက်နေစဉ် အတွင်းမှာပင် ပန်းချီဆွဲခြင်းကို အထူး ဝါသနာပါခဲ့လေသည် ။
များသောအားဖြင့် မုန့်စားဆင်းချိန် ၊ အားလပ်ချိန်များတွင် ကျောင်း၌
ရှိသော
ပန်းချီခန်းတွင်သာ သူမ အချိန်ဖြုန်းတတ်လေသည် ။ ထို့ကြောင့်
ကျောင်းပန်းချီခန်း၌ ရှိသော ပန်းချီကား အများစုမှာ သူမဆွဲထားသော ပန်းချီ
ကားများ ဖြစ်လေသည် ။
သူမ၏
အခြေခံပညာရေး ပြီးဆုံးပြီး သည့်နောက် ကွန်ပျူတာ တက္ကသိုလ် ( ရန်ကုန် ) ၌
ဆက်လက်တက်ရောက်ကာ ပညာ သင်ကြားခဲ့ပြီး B.C.Sc ( Hons ) ဘွဲ့အား ရရှိခဲ့သည် ။
တက္ကသိုလ်ပညာရေး ပြီးဆုံးသွားသောအခါ သူမသည် ငယ်စဉ်က ဝါသနာပါခဲ့သည့်
ပန်းချီပညာကိုပင် ဆက်လက် လေ့လာခဲ့ပြန်သည် ။ ဦးလှသိန်းအောင် နှင့်
ဦးသက်မော် တို့ထံတွင် အခြေခံပန်းချီပညာ နှင့် ရေဆေးပန်းချီပညာများကို
သင်ယူခဲ့သည် ။ ထို့နောက် သူမသည် 3D ၊ Acrylic နှင့် ဆီဆေးပန်းချီပညာများကို
သူမ ဘာသာ လေ့လာခဲ့ပြန်သည် ။
သူမသည်
သရုပ်ဖော် ပန်းချီဆွဲခြင်းကို အလွန်နှစ်သက်ပြီး Vincent Van Gogh မှာ
သူမ၏ အနှစ်သက်ဆုံး ပန်းချီပညာရှင် ဖြစ်သည် ။ သူမသည် သူမ၏
ပန်းချီကားများကိုလည်း အောက်ပါ ပြပွဲများတွင် ဝင်ရောက် ပြသခဲ့သည် ။
1. Hinn Si Gone (Charity) Exhibition ( 2011 )
2. Htoon Foundation art Exhibition ( 2011 )
3. Aesthetic Hlaing art Exhibition ( 2012 )
4. 1st Whole Myanmar's Water Color Art Exhibition ( 2012 )
ထို့ပြင်
သူမသည် ၂၀၁၃ အောက်တိုဘာလ ၁၈ ရက်တွင် လှိုင်မြို့နယ် ၌ ပြသမည့် Hlaing Art
Exhibition ၌ လည်း ဝင်ရောက်ကာ သူမ၏ ပန်းချီကားများအား ပြသသွားဦးမည်
ဖြစ်ပေသည် ။
No comments:
Post a Comment