♥♥♥ Welcome to Healthy & Knowledge ♥♥♥ လာရောက်သူအပေါင်းကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ...♥♥♥
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, October 6, 2013

အိန္ဒြာကျော်ဇင်

  Photo
မြန်မာပြည်မှ သရုပ်ဆောင်လောကတွင် အအောင်မြင်ဆုံး နှင့် အကျော်ကြားဆုံး မင်းသမီးကို ပြပါဆိုလျှင် အိန္ဒြာကျော်ဇင် ဟု လက်ညှိုးထိုး ပြရလိမ့်မည် ။ ထို့အပြင် ကြေငြာများနှင့် ရှိုးပွဲများတွင်လည်း မြင်တွေ့ရသော မော်ဒယ်လ် မင်းသမီး ဟူ၍လည်း ပြောနိုင်သည် ။ သူမကို ၂၄ ရက် ဧပြီလ ၁၉၇၇ တွင် ဒေါ်မြသီတာ နှင့် ဦးကျော်ဇင် တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အငယ်ဆုံး သမီးလည်း ဖြစ်သည် ။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ၏ မြေးတစ်ဦး လည်းဖြစ် စာရေးဆရာ ဒဂုန်တာရာ ၏ တူမလည်း ဖြစ်သည် ။ ထို့အပြင် တေးသံရှင် ဟေမာနေဝင်း နှင့် သရုပ်ဆောင် ရာဇာနေဝင်း တို့ နှင့်လည်း မောင်နှမ ဝမ်းကွဲ တော်စပ်သည် ။

ဝတ်မှုန်ရွှေရည် အကြောင်း

 


သူမရဲ့ နာမည်က ဝတ်မှုန်ရွှေရည် ၊ လှပပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိတ်သတ် အသည်းစွဲ နိုင်ငံကျော် ကြေငြာ မော်ဒယ်လ် မင်းသမီး တစ်လက် ၊ သူမကို သြဂုတ် ၁၀ ရက် ၁၉၈၈ မှာ ဦးဝင်းသိန်းနိုင် နှင့် ဒေါ်မီမီလွင် တို့မှ ရန်ကုန်မြို့တွင် မွေးဖွားပေးခဲ့ပါတယ် ။ ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဖွေးဖွေး နှင့် ညီအစ်မ တစ်ဝမ်းကွဲ တော်စပ်သူလည်း ဖြစ်ပါတယ် ။ 

ပန်းချီဆရာမလေး မေကို

ပန်းချီဆရာမလေး မေကို

 


သူမရဲ့ အမည်ရင်းကတော့ မေကိုဦး ဖြစ်ပြီး သူမကို ၆ ရက် ဇန်နဝါရီလ ၁၉၈၉ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ သည် ။ သူမသည် ငယ်စဉ်ကပင် ပန်းချီပညာကို စိတ်ဝင်စားခဲ့သည် ။ ထို့နောက် သူမ၏ မိသားစုသည် ရန်ကုန်သို့ ပြောင်းရွေ့ခဲ့ကြသည် ။ သူမသည် အမှတ်  ( ၂ ) အခြေခံပညာအထက်တန်းကျောင်း ၊ ဒဂုံ မြို့နယ် တွင် ပညာသင်ကြားခဲ့ပြီး ပဉ္စမတန်းပြီး ဆုံး ၍ နွေ ရာသီ ကျောင်းပိတ်ရက်များတွင် ပန်းချီဆရာ ဦးသက်ဦး ဆီမှ အခြေခံပန်းချီ ပညာကို သင်ယူခဲ့သူလည်း ဖြစ်သည် ။

Saturday, October 5, 2013

Miss Universe Myanmar 2013


http://www.missuniversemyanmar.com/sites/all/themes/corporateclean/logo.png 
Moe Set Wine will make news next month when she is the first contestant to represent Myanmar in over 50 years at the Miss Universe pageant. The 25-year-old who studied business and marketing in California, was chosen from 20 hopefuls on Thursday (Oct. 3) night.

The last Miss Burma (the country took the name Myanmar in 1989, a year after thousands were killed in a pro-democracy uprising) contestant was Myint Myint Khin in 1961.

The country emerged from 50 years of strict military rule in 2011. Since then, the elected government has pushed to open up the society, including loosening of media restrictions. Contestants representing the country have participated in Miss International, Miss Earth and Miss Supranational pageants this year.

"I feel like now I am part of the history and I feel like a soldier that is doing something for the country and my people," Wine says.

The 2013 Miss Universe pageant will take place Saturday, Nov. 9 in Moscow.


 http://www.missuniversemyanmar.com/sites/default/files/styles/banner/public/05.jpg

Myanmar picks first Miss Universe hopeful in half century





 Congratulation Our Miss Universe Myanmar 2013!!!!!!!!!!!!!


 



Friday, October 4, 2013

ဝနေလို့  ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ


(၁) ဂျုံကြမ်းဖြင့် ပြုလုပ် ထားသော ပေါင်မုန့် ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင် ဓာတ်များစွာ ပါဝင်တဲ့ အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေ သနပြု သူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ် စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့် စားသူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည် နိုင်တယ်လို့ ဆိုပါတယ်။

အသားအရေ လှပစေရန် ဆယ်ကျော်သက်အရွယ်ကစပြီး ထိန်းသိမ်းနည်း


 
ဆေးလိပ်ငွေ့ ကို ဘယ်တော့မှ မရှူမိပါစေနှင့်

ဆေးလိပ်ငွေ့ဟာ အရွယ်မတိုင်ခင် အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ နဲ့ အသားအရေ နွမ်းနယ် ခြောက်သွေ့ တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်တည့်စမ်းတဲ့အနေနဲ့ပဲ ဖြစ်ဖြစ် ဆေးလိပ်ကို ယောင်လို့တောင် မသောက် မိပါစေနဲ့။ အနားမှာ ဆေးလိပ်သောက် နေရင် ဆေးလိပ်ငွေ့ကင်းတဲ့ နေရာကို ထွက်သွားသင့်ပါတယ်။

နေရောင်ကာခရင်မ် လိမ်းပါ

အသားအရေကြမ်းတမ်းတာ၊ ညို ညစ်တာ၊ အသားအရေ မညီမညာဖြစ် တာနဲ့ အရေးကြောင်းထင်တာ စတဲ့ အ သားအရေပြဿနာတွေဟာ နေရောင် ခြည်ဒဏ်ကို တာရှည်ခံရတာကြောင့် ဖြစ် တတ်ပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ် ကို လိမ်းပေးပါ။ အပြင်မှာ ရှိနေတဲ့အ ချိန်တွေမှာ တစ်ကြိမ်လိမ်းထားရုံနဲ့ မလုံ လောက်တော့ပါဘူး။ အချိန် နှစ်နာရီ- သုံး နာရီကြာတိုင်း တစ်ကြိမ် ပြန်လိမ်းပေးပါ။

ရက်တီးနွိုက်ကို စဉ်းစားပါ

ကျန်းမာရေးအတွက်စားသင့်တဲ့ မျောက်ငိုသီး (Petai)


ဆေးပညာရှင်များ လေ့လာစမ်းချက်အရ မျောက်ငိုသီးမှာ သဘာဝသကြားသုံးမျိုးရှိတာကို တွေ့ရတယ် ။

သစ်သီးသကြား ၊ ဂလုးကို့စ်၊ ကြံသကာ တို့ဖြစ်ပါတယ်။

မျောက်ငိုသီးမှာအမျှင်ဓာတ်များပါဝင်တာမို့ အားအင်ကိုဖြစ်စေပါတယ် ။

မျောက်ငိုသီးထဲမှ Tryptophan ဓာတ် က လူခန္ဓာကိုယ်ထဲရောက်တဲ့အခါ Serotonin အဖြစ်သို့ပြောင်းလဲသွားသော ကြောင့်စိတ်ကိုပေါ့ပါးစေ ပြီး စိတ်နေစိတ်ထားကိုပြောင်းလဲပေးတာမို့ စိတ်ဖိအားကိုလျှော့စေနိင်စွ မ်းအားရှိပါတယ် ။

ဗီတာမင် B6 ပါရှိပြီးသွေးချိုကိုမျှတအောင်ညှိပေးနိင်တာမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစေ ပါတယ် ။

မြင့်မားသောသံဓာတ်ပါရှိတယ် ။မျောက်ငိုသီးရဲ့နိုးဆွမှုေ ကြာင့်သွေးထဲမှ ( hemoglobin) သွေးနီဥကို ကိုထုတ်လုပ်နိင်တာမို့သွေးအားနည်းတဲ့အခါ အထောက်အကူပြုနိင်ပါတယ် ။

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား


ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့်
အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။
၂။ ဆံပင်သားအတွက်

နားကိုက်ခြင်းအတွက် လွယ်ကူသောနည်းလမ်း



နားကိုက်ခြင်း(earache) ဟာ နားကိုပိုးဝင်ခြင်းကြောင့် ဖြစ်ရပြီး အလယ်နား(middle ear) မှာ လေတွေနဲ့ပြည့်နေပါတယ်။ ဘက်တီးရီးယားပိုးဝင်တာဖြစ်လို့ နားနာကျင်မှု ဖြစ်ရပါတယ်။
နားထဲမှာ ပုစဉ်း အော်သံလို၊ ၀ီစီမှုတ်သံလို ကြားရပြီး မခံမရပ်နိုင်အောင် ဖြစ်ရပါတယ်။

ဖြစ်ရသော အကြောင်းရင်းများ

နားပြွန်ပိတ်ဆို့ခြင်း - သွားဖုံးတွင် ပိုးဝင်ခြင်း၊ သွားပိုး စားခြင်း - နားထိခိုက်မှု၊ နားစည်ထိခိုက်မှုဖြစ်ခြင်း - နားဖာချေး ပိတ်ဆို့ခြင်း - အဆစ်ရောင်ခြင်း - အာသီးရောင်ခြင်း - လည်ချောင်းနာခြင်း၊ ရောင်ခြင်း တို့ပဲ ဖြစ်ပါတယ်။

Tip  1

အစားအစာ ခဏခဏ စားတတ်တဲ့အကျင့်ပျောက်လို သလား ?


တချို့လူတွေမှာ အစားအသောက်ကို ပါးစပ်နဲ့ မပြတ် တဇွတ်ဇွတ် စားချင်နေတတ် ကြပါတယ်။
အဲဒီ အကျင့်ကြောင့် ခန္ဓာကိုယ်က ရှိသင့်တာထက် ပိုဝလာ တတ်ပါတယ်။ ဒါက အစားအသောက်ရဲ့ အနံ့ကို ရရှိလေလေ၊ အစာစားချင်စိတ်ကို တွန်းအားပေးတဲ့ ဆာလောင်မှု ဟော်မုန်းတွေ ထွက်ရှိလာလေလေ ကြောင့်ပဲ ဖြစ်ပါတယ်။ အစာအစားချင်စိတ် ပြင်းပြနေရင် အောက်ပါအချက်တွေကို လိုက်နာပါ။

(၁) စပျစ်သီး စားပါ

ထမင်းစားချိန် တစ်ချိန်နဲ့ တစ်ချိန် ကြား ဗိုက်ဆာနေရင် စပျစ်သီးစားပေးပါ က သုံးလအကြာမှာ သုံး ဒသမ ခြောက် ပေါင်နီးပါး လျော့ကျသွားကြောင်း အာဟာရနဲ့ ဇီဝရုပ် ဖြစ်ပျက်မှုအကြောင်း လေ့ လာမှုတစ်ရပ်အရ သိရပါတယ်။

(၂) အာလူးပြုတ် စားပါ

Wednesday, October 2, 2013

သင့်ကျန်းမာရေးအတွက် သောက်သုံးသင့်သော ဖျော်ရည်ရှစ်မျိုး


ကျန်းမာရေးအတွက် အသင့်ပြုပြင် ထားတဲ့ ဖျော်ရည်တွေအစား သစ်သီးကို ပြုလုပ်ထားတဲ့
ဖျော်ရည်မျိုးက ပိုမိုသင့် တော်တယ်ဆိုတာကို သင်သိပြီးသား ဖြစ်မှာပါ။ ဘယ်လို သစ်သီးဖျော်ရည်တွေက သင့်ကျန်းမာရေးကို ဘယ်လိုပုံစံ ကျန်းမာနေစေတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သလဲသီးဖျော်ရည်

သလဲသီးဟာ အဝါရောင်အခွံရှိပြီး အထဲမှာ အနီရောင်အစေ့လေးတွေများ စွာပါဝင်တဲ့အသီးမျိုးပါ။ ချိုချဉ်နဲ့ ဖန်တဲ့ အရသာရှိပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေများစွာ ပါရှိပါတယ်။ သဘာဝ အင်တီအောက် ဆီးဒင့်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့ အသီးတစ်မျိုးလည်းဖြစ် ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတာကြောင့် သင်သောက် နေကျ ဖျော်ရည်တွေထဲမှာ သလဲသီး ဖျော်ရည်ကို ထပ်ပေါင်းဖြည့်စွက်ပေးပါ။


၂။ ဘလူးဘယ်ရီသီးဖျော်ရည်

ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်နဲ့အသင့်တော်ဆုံး အချိန်များ


“ ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက် ” ဆိုတဲ့ ရှေးစကားရှိပါတယ်။ လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်အပ်လိုပါသလဲ ?

(၁) ဦးနှောက်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။
(၂) ခန္ဒာကိုယ်တွင်းအပူချိန်ကို မျှတစေပါတယ်။
(၃) သွေးရဲ့ ၈၃% ကအရေဓာတ်များဖြစ်ပါတယ်။
(၄) ကြွက်သားကို ရေဓာတ် ၇၅% နဲ့ ပြုလုပ်ထားပါတယ်။
(၅) အရိုးထဲမှာ ရေဓာတ် ၂၂% ပါရှိပါတယ်။
(၆) ခန္ဒာကိုယ်ထဲသိုရောက်ရှိလာတဲ့အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပါတယ်။

ရင်ခေါင်းပူခြင်းကို ပျောက်စေသော လွယ်ကူသည့် နည်းလမ်းများ



(၁) ပီကေ၀ါးပါ ပီကေ (chewing gum) ကို အစာစားပြီးသောအချိန်တွင် မိနစ် (၃၀)ခန့် ၀ါးပေးပါ။
အူတွင် အက်ဆစ်စုဆောင်းမှုကို လျင်မြန်စွာ ဖြေရှင်းပေးနိုင်သည်။

(၂) ရှားစောင်းလက်ပတ် အစာမစားမီ ရှားစောင်းလက်ပတ် လက်ဖက်ရည်ခွက် တစ်ဝက်ကို သောက်ပေးပါ။
ရှားစောင်းဖျော်ရည် က အစာအိမ်ကိုအပြင် အစာပြွန်ရောင်ရမ်းခြင်းကို သက်သာစေမည်။

သွေးတိုးရောဂါ ရှိသူများစားသင့်သောသစ်သီးများ

 

✿ ကီဝီသီး ~~

ကိုလက်စထရောနှင့် triglyceride ကိုကျဆင်းနိင်စွမ်းရှိတယ် ။ကင်ဆာကိုဖြစ်စေသောကာဆီနိုဂျင်ကိုပာန့်တားဆီးနိင်တယ် ။ သွေးတိုး ၊အသည်းရောင်၊နှလုံးရောဂါ ၊ဆီးအိမ်ကျောက်တည်ခြင်း အတွက် ကုသမှုကိုအထောက်အကုပြုပါတယ် ။

✿ နာနတ်သီး~~

နာနတ်ရည်ထဲမှ အင်ဇိုင်းဓာတ်များကိုပြုလုပ်ပေးနိင်တယ် ။ ဖောယောင်ခြင်းနှင့် ဒူလာ အတွက်ပိုပြီးအသုံးဝင်ပါတယ် ။ မကြာခဏနာနတ်သီးစားခြင်းဖြင့်ခန္ဓာကိုယ်ထဲမှ အမျှင်အင်ဇိုင်းဓာတ်များကို ပိုများလာနိင်ပါတယ် ။ အစာကြေလွယ် ပါတယ် ။


✿ လိမ္မော်သီး~~

လိမ္မော်သီးထဲတွင်ဗီတာမင်စီနှင့်နီကယ်စင်(Niacin) အများဆုံးပါဝင်တာမို့ခန္ဓာကိုယ်ထဲမှ ကိုလက်စထရောနှင့်သွေးအဆီတို့ကို ကျဆင်းစေနိင်စွမ်းရှိတာမို့နှလုံးရောဂါရှိသူများ၊သွေးအဆီံဓာတ်မြင့်သူများ ပိုစားသင့်ပါတယ် ။

✿ မြေဇာဥ~~

မြေဇာဥထဲတွင်အသားဓာတ်၊ ကယ်လဆီယမ်၊မီးစုန်းဓာတ် ၊ သံဓာတ် ဗီတာမင်စီ အစရှိသောအာဟာရဓာတ်များပါဝင်တာမို့ ဖိအားကိုကျဆင်းစေနိင်ပြီးချွဲ သလိပ်များကိုပျော်စေတယ် ။

✿ သရက်သီး ~~

Sunday, September 29, 2013

ပိန်နေတဲ့ သူတွေ ဝလာစေချင်ကြရင်



 လူအများစုက ခန္ဓာကိုယ်ဝနေလို့ ပိန်ချင်ကြပေမယ့်၊ လူနည်းစုကတော့ ဘယ်လောက်စားစား ၀ိတ်တက်မလာဘဲ ပိန်မြဲတမ်းသာ ပိန်လို့ စိတ်ညစ်နေကြရပါတယ်။ မိမိရဲ့ အသက်အရွယ်၊ အရပ် အနိမ့်/အမြင့် နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ရှိမှသာ ကျန်းမာ တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ပိန်သူများ ၀လာအောင်လုပ်ခြင်းကလည်း၊ ၀နေသူများ ကိုယ်အလေးချိန်နဲ့ အဆီတွေလျော့ချ ရသလို လွန်စွာခက်ခဲပါတယ်။ ပြည့်စုံလုံလောက်တဲ့ အစားအစာမမှီဝဲခြင်း၊ စားသောက်မှုပုံစုံမမှန်ခြင်း၊ တစ်ကြိမ်နဲ့ တစ်ကြိမ် အစာစားချိန်ဝေးကွာလွန်းခြင်း၊ အာ ဟာရပြည့်ဝစေတဲ့ အစားအစာကိုမရွေးချယ်တတ်ခြင်းတို့ က လူကိုပိန်စေနိုင်သလို၊ နာတာရှည်နေမကောင်းဖြစ်ခြင်း၊ အဆုတ် ရောဂါကူးစက်ဝေဒနာများ၊ ခံတွင်းပျက်ခြင်း၊ ကင်ဆာရောဂါများ၊ ဟိုမုန်းမညီမျှခြင်း၊ ဟိုက်ပါသိုင်းရွိုက်ရောဂါ စသည့်ရောဂါဆိုး တို့ ကြောင့်လည်း လူကိုပိန်စေပါတယ်။ 


ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်



အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။

ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။


ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်


ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။


ချောကလက်က မျက်စိအမြင်ကို ပိုမိုကောင်းစေသည်

ပိန်သူဝဖြိုး အလှတိုးစေဖို့


ခုခေတ်ကပိန်ပိန်သွယ်သွယ် မော်ဒယ်ခေတ်ဆိုပေမယ့် အရမ်းကြီးပိန်ကပ်နေလွန်းနေရင်လည်း
ဘယ်လှတော့မလဲနော်။ နဲနဲတော့ ပြည့်ဖြိုးဖြိုးလေး ရှိနေမှပေါ့။ ပြီးတော့ ၀တဲ့သူကသာ ပိန်ချင်ပေမယ့် ပိန်တဲ့သူတွေကတော့ ၀၀ လှလှလေး ဖြစ်ချင်ကြတာ။ ဒီတော့ ၀ချင်နေတဲ့ သူငယ်ချင်းတွေအတွက်
နည်းလမ်းကောင်းလေးတွေ ပြောပြမယ်နော်။


Calculate Calories
                ပိန်တဲ့သူတော်တော်များများက ကိုယ်လက်လှုပ်ရှားများတဲ့သူတွေ/ အစားနဲတဲ့သူတွေပဲနော်။ ခန္ဓာကိုယ်က စွမ်းအင်ကို သုံးသလောက် ဖြည့်မပေးဘူးဆိုရင် ပိန်လာတော့မှာပေါ့။ အဲဒီတော့ ကိုယ်လက်လှုပ်ရှားမှုများတဲ့သူတွေဟာ အစားအစာကိုလည်း များများစားပေးဖို့ လိုတယ်နော်။

အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင်

အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင် .................

အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်း ပစ္စည်းတွေဟာ အသားအရေ ပြဿနာကို လျော့ပါးသက်သာ စေပေမယ့် အသားအရေ ကျန်းမာလှပဖို့ရာ အတွက် အစား အစာတွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့မထား သင့်ပါဘူး။ သင့်အသားအရေက ပုံမှန်ထက်ပိုခြောက်သွေ့ နေရင် ပိုအဆီပြန် နေရင်၊ ပိုနီရဲနေရင်၊ ပိုအိုမင်းနေရင် အဲဒီ ပြဿနာတွေကို ကူညီဖြေရှင်း ပေးနိုင်မယ့် အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ်။


မလှပသော အသားရေအတွက် အစိမ်းရောင် ဟင်းသီးဟင်းရွက်
အသားအရေ ခြောက်သွေ့တာ၊ နွမ်းနယ်တာစတဲ့ မလှပေတဲ့ အရေပြားကို လိုးရှင်းတွေ လိမ်းပေမယ့် အခြေခံအသားအရေ ကတော့ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လိုးရှင်းလိမ်းတာ အပြင် နေ့စဉ်စားသောက်တဲ့ အစားအသောက် တွေကိုလည်း အသားအရေအတွက် ရွေးချယ်စားသောက်ဖို့ လိုပါတယ်။

ဆံပင်က ဗောက် အကြောင်းနှင့် ဗောက်နှိမ်နင်းသော သဘာဝပစ္စည်းများ

ပခုံးပေါ်က (သို့မဟုတ်) ဆံပင်တွေကြားက အ၀ါရောင်အဖတ်တွေ၊ ပါးပါးလွှာလွှာအဖြူဖတ်တွေဟာ ဗောက်ရဲ့ သက်သေပါ။ တကယ်တော့ ဗောက်ဆိုတာ သင့်ဦးရေပြားပေါ်က အရေပြားဆဲလ်တွေသေဆုံးပြီး ကွာကျလာတာပါ။ ဗောက် ရှိပြီဆိုရင် ဦးရေပြားမှာ အကွက်သေးသေးလေးတွေပေါ်လာပြီး ယားယံနေပါတယ်။ ဦးရေပြားနီရဲတာ၊ ကျိန်းစပ်တာတွေ လည်း ဖြစ်နိုင်ပါတယ်။ ယားလို့ကုတ်မိတဲ့အခါ အဖြူဖတ်တွေ ကွာကျလာပါတယ်။ အမည်းရောင် အင်္ကျီဝတ်မိတဲ့နေ့မျိုးဆို ပိုလို့သိသာပါလိမ့်တယ်။ ဗောက်နဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို လေ့လာကြည့်ရအောင်။


ဘာ့ကြောင့်ဗောက်တွေဖြစ်လာသလဲ

ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို

Photo: ''ရေနွေးကြမ်း သောက်ပြီ ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့''

ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရှေးကတည်းက ရေနွေးကြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးကြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကလည်း ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူ ပြုစေပါတယ်။ ထို့ပြင် ရေနွေးကြမ်း သောက်ခြင်းဖြင့် တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ထိုထဲကမှ အကျိုးကျေးဇူး (၆)ချက် ကို ကောက်နှုတ် ဖော်ပြ ပေးထားတာပါ။ 

ရေနွေးကြမ်း သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး (၆)ချက်

၁။ အဆီကျခြင်း

၂။ သွေးတိုးခြင်းမှ လျှော့ကျနိုင်ခြင်း

၃။ အသားအရေး လှပပြီ အရွယ်တင်စေခြင်း

၎။ ကင်ဆာဖြစ်ခြင်းမှာ ကာကွယ်ပေးနိုင်ခြင်း

၅။ နှလုံးရောဂါဖြစ်ခြင်းမှ လျှော့ကျစေခြင်း 

၆။ သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

 ဒီလောက်ဆိုရင် ရေနွေးကြမ်း ပုံမှန်သောက်ပေးဖို့အတွက် အများကြီး တိုက်တွန်းဖို့ပင် မလိုတော့ဘူးလို့ ထင်ပါတယ်။ သွယ်လျတဲ့ ခန္ဒာကိုယ်ဖြစ်ဖို့ ရေနွေးကြမ်း တနေ့ ၃ခွက် မသောက်နိုင်ရင်တောင် ၁ခွက်လောက် ပုံမှန်သောက်ပေးရင်တောင် အကျိုးကျေးဇူး အများကြီး ရှိပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ 

Reference : Internet
ဘာသာပြန် : Wutyee Food House 

 ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။ အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။

 ဒါကြောင့် ရှေးကတည်းက ရေနွေးခြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးခြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။ 

ပုံမှန်လေ့ကျင့်ခန်း လုပ်တာကလည်း ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူ ပြုစေပါတယ်။ ထို့ပြင် ရေနွေးကြမ်း သောက်ခြင်းဖြင့် တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ 
 ထိုထဲကမှ အကျိုးကျေးဇူး (၆)ချက် ကို ကောက်နှုတ် ဖော်ပြ ပေးထားတာပါ။

မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း


ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ 



အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို  ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။


ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း
အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။ 

မျက်မှာပေါ်က အမဲစက်   ပျောက်နည်း

မီးယပ်သွေးဆုံး လက္ခဏာများ

http://www.thuriya.org/rom1/images/23235b.jpg


အမျိုးသမီးတွေ အရွယ်ရောက်ချိန်ကစလို့   မီးယပ်သွေးဆုံးချိန် အထိ (၁၃ နှစ်မှ ၄၅ နှစ်အထိ) ဓမ္မတာသွေး ပုံမှန်ပေါ်တတ်တယ်။ ဓမ္မတာသွေးပေါ်တာ မှန်ကန်ဖို့လိုတယ်။  မျိုးပွားခြင်း စတာကနေမျိုးပွားခြင်း လုပ်ငန်းရပ်ဆိုင်းချိန်အထိ ဓမ္မတာကာလလို့ သတ်မှတ်ထားတယ်။
 အမျိုးသမီးတွေ ရာသီသွေးပေါ်တာက ၂၈ ရက်  သို့မဟုတ်  တစ်လတစ်ကြိမ် ဖြစ်လေ့ရှိတယ်။ လစဉ်ဓမ္မတာ သွေးပေါ်ခြင်းကို ထိန်းချုပ်ထားတာ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဟိုက်ပိုသား မတ်ဖြစ်တယ်။ ဓမ္မတာသွေးပေါ်ခြင်းကို စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက လွှမ်းမိုးထားတယ်။ စိတ်လှုပ်ရှားမှုတစ်ခုကြောင့် ဓမ္မတာ ရပ်တန့်သွားတတ်တယ်။ ဓမ္မတာ သွေးပေါ်ခြင်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းတွေဟာ  အီစတြိုဂျင်နဲ့  ပရိုဂျက်စတုံးတို့ဖြစ်တယ်။ ဓမ္မတာသွေးပေါ်တဲ့ ကာလဟာ သုံးရက်မှ ငါးရက်ထိဖြစ်တယ်။ တစ်ကြိမ်သွေးပေါ်ရင် သွေးဆုံးရှုံးမှု ၃ဝ မီလီမီတာ ဖြစ် တယ်။ အကယ်၍ ၈ဝ မီလီမီတာထက် ကျော်ခဲ့ရင် သာမန်မဟုတ်လို့ ဂရုစိုက်သင့်ပါတယ်။ ဓမ္မတာသွေးပေါ်ခြင်း ရပ်တန့်သွားခဲ့ရင် သာမန်ဇီဝကမ္မ ဖြစ်စဉ် များ ဖြစ်နိုင် သလို  ရောဂါကြောင့် သို့မဟုတ် ကိုယ်ဝန်ကြောင့်လည်း ဖြစ်နိုင်တယ်။
မီးယပ်သွေးဆုံးချိန်မှာ ဖြစ်ပွားတတ်တဲ့ ဝေဒနာအမျိုးမျိုးကို သွေးဆုံး ဝေဒနာများလို့ ခေါ်တယ်။ ခန္ဓာကိုယ်အတွင်း မတည်ငြိမ်မှုဖြစ်ပေါ်တဲ့ လက္ခဏာများလို့ ခေါ်တယ်။  ခန္ဓာကိုယ်နေရာ တချို့ (ဥပမာ- မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်ပိုင်း) ပူရှိန်းရှိန်း ခံစားရခြင်း၊  စိတ်ပင်ပန်းခြင်းနဲ့ အလုပ်ပင်ပန်းဒဏ်ကို မခံနိုင်ခြင်းစသည်တို့  ခံစားရတတ်တယ်။ ကောင်းစွာ အိပ်မပျော်ခြင်းလည်း ဖြစ်ပေါ်တတ် တယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအနေနဲ့ စိတ်ကယောက်ကယက် ဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဆိုးလွယ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းများ ဖြစ်လေ့ရှိတယ်။
ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ ကြွက်သားတွေ အားနည်းယုတ်လျော့သွားလို့  ဆီးသွားရာက ဆီးကျန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတို့ ဖြစ်နိုင်တယ်။
အရိုးနဲ့ဆိုင်တဲ့ ရောဂါများအနေနဲ့ အရိုးပွခြင်းဟာ သွေးဆုံးပြီးတဲ့ အမျိုးသမီးများအတွက် အဓိက ပြဿနာတစ်ရပ် ဖြစ်တယ်။ အရိုးပွခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အရိုးကျိုးခြင်းဟာ မကြာခဏကြုံတွေ့ ကြရတတ်တယ်။
တစ်ခါတလေ ကိုယ်ဝန်ရှိသလို ခံစားရတတ်တယ်။ မနက်မိုးလင်းအိပ်ရာ ထထခြင်းရတဲ့ ဆီးကို ကိုယ်ဝန်ရှိ၊ မရှိစမ်းသပ်ခြင်းနဲ့ တီဗွီဓာတ်မှန်ကြည့်ခြင်းဖြင့် အလွယ်တကူသိနိုင်တယ်။ အခြားသိနိုင် တဲ့ အချက်တွေက အိမ်ထောင်ရှိသူ အမျိုးသမီးတစ်ဦး လစဉ် ဓမ္မတာ သွေးမဆင်းရင် ကိုယ်ဝန်ဆောင်တာ ဖြစ်နိုင်တယ်။ မနက်အိပ်ရာထ ဝေဒနာများဟာ ကိုယ်ဝန်ရှိစ တစ်လကနေ သုံးလအတွင်း နံနက်အိပ်ရာထစမှာ ပျို့ခြင်း၊ အန်ခြင်း၊ မအီမသာ ဖြစ်ခြင်းနဲ့ ဗိုက်အောင့်ခြင်းစသဖြင့် ခံစားရတတ်တယ်။  မီးယပ်သွေးဆုံးမှာလည်း  အဲဒီလို လက္ခဏာများ ခံစားရတတ်တယ်။  မကြာခဏ ဆီးသွားချင်လို့ ရေအိမ်တက် နေရတတ်တယ်။ သွေးဆုံးခါနီးရင် ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်တတ်တယ်။ မီးယပ်သွေးဆုံးမှာ  အဲဒါမျိုး တွေ့ရနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ကယောင်ချောက် ချား ဖြစ်တာ၊ အိပ်မရတာမျိုး သွေးဆုံးခါနီးမှာ တွေ့နိုင်တယ်။  

လက်တွေ့  လုပ်ငန်းခွင်ပါသော Architecture ဘာသာရပ်ကို့ UCSI တက္ကသိုလ်တွင် သင်ယူ နိုင်ပြီ

ရန်ကုန် စက်တင်ဘာ ၂၄
မလေးရှားနိုင်ငံတွင် Compus လေးခုဖြင့် ရပ်တည်လျက်ရှိသော UCSI တက္ကသိုလ်တွင် ဘာသာရပ် ဌာနပေါင်းရှစ်ခုဖြင့် ဖွဲ့စည်းထားပြီး ဘာသာရပ်ပေါင်း ၇ဝ ခန့်
သင်ကြား ပေးလျက်ရှိသည်။ အဆိုပါ တက္ကသိုလ်တွင် School of Anti-Aging, Aesthetics & Regenerative Medicine ဘာသာရပ်ကို မြန်မာနိုင်ငံမှ ဆရာဝန်ဘွဲ့ရ ကျောင်းသားများ အများဆုံး တက်ရောက်သင်ယူခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝန်းကျင်ခန့် ရှိခဲ့ကြောင်း သိရသည်။ Civil Engineering နှင့် Architecture Studies ဘာသာရပ်များကို မြန်မာနိုင်ငံမှ ကျောင်းသားများ စိတ်ဝင်စားခဲ့ပြီး ၎င်းဘာသာရပ်များကို အလုပ်သင် ကာလခြောက်လနှင့်တွဲ၍ သင်ကြားရမည် ဖြစ်ကြောင်း Myanmar Search International (MSI) သိရသည်။
UCSI တက္ကသိုလ်တွင် ဗိသုကာပညာရပ် Architecture ကို Diploma Level မှ B.A (Hons:) နှင့် B.Sc(Hons:) Level အထိ လုပ်ငန်းခွင်ကာလ ခြောက်လနှင့် ပူးတွဲသင်ကြားနိုင်သည်။ UCSI ၏ Architecture ဘာသာရပ်သည် ကျွမ်းကျင်စွာလုပ်ငန်းခွင် ဝင်နိုင်ရန် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ နားလည်နိုင်စွမ်းနှင့် လက်တွေ့ပိုင်းဆိုင်ရာ ကျွမ်းကျင်ရန် လိုအပ်ချက် များကို မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်။ ကျောင်းသားများသည် ကျောင်းတက်ရင်းနှင့် လုပ်ငန်းခွင် ခြောက်လ လုပ်ကိုင်ရမည် ဖြစ်သောကြောင့် ဘွဲ့ရကျောင်းသားများ Architectural, Interior Architectural, Developer, Construction, Supplier and Manufacture နယ်ပယ်များနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ကျွမ်းကျင်သော လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံလုပ် မီးပုံးများ မီးလင်းချောင်းများ သီတင်းကျွတ် အကြိုရောင်းချ

နေပြည်တော်  စက်တင်ဘာ ၂၈
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် မင်္ဂလာ (၈) လမ်းရှိ စာပေဖြန့်ချိရေး ဆိုင်များနှင့် စတိုးဆိုင် ကြီးများမှ သီတင်းကျွတ်အကြို ရန်ကုန်လုပ် (မြန်မာဖြစ်) မီးပုံးများနှင့် တရုတ်နိုင်ငံမှ
တင်သွင်းသော မီးပုံးများ၊ ကလေးများအကြိုက် မီးလင်းချောင်း မျိုးစုံများ အရောင်အသွေး စုံလင်စွာ ရောင်းချလျက်ရှိကြောင်း သရဖူမီးပုံး အရောင်းဆိုင်မှ သိရသည်။ ရန်ကုန်လုပ် မြန်မာ မီးပုံးများမှာ ငွေကျပ်  ၂ဝဝ မှ ၄ဝဝ အထိသာ ဈေးရှိပြီး  တရုတ်မီးပုံးများ ဖြစ်သည့် ရှန်ကင်၊ ဘုံကျောင်းနှင့် ကတ္တီပါဒိုင်းမွန်း မီးပုံးများမှာ ငွေကျပ် ၁၅ဝဝ မှ ၃ဝဝဝ အထိရှိပြီး မီးလင်းချောင်း များ ဖြစ်သည့် မြွေ၊ ဂျင်စသည့် ကလေးကစားစရာ မီးလင်း အရုပ်များမှာ ငွေကျပ် ၆ဝဝ မှ ၁ဝဝဝ အထိရှိကြောင်း သိရသည်။ နေပြည်တော် ကောင်စီ နယ်မြေအတွင်းတွင် မီးပုံးများနှင့် မီးပုံးပျံ အလတ်စားများ၊ မီးလင်းချောင်းများသာ ရောင်းချ နေကြပြီး မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများကိုမူ ပြည်သူများ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် စည်းကမ်းသေဝပ်ရေး အတွက် ဥပဒေပုဒ်မ ၂၈၆ အရ မည်သူမဆို သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊  လက်ဝယ်ထားရှိခြင်း၊ ရှို့လွှတ်ခြင်း၊ ပစ်ဖောက်ခြင်းနှင့် ရောင်းချခြင်း အားလုံးတို့ကို မပြုလုပ်ရကြောင်း၊ လိုက်နာခြင်း မရှိပါက တည်ဆဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တားမြစ် သတိပေးထားကြောင်းလည်း သိရသည်။        
 တရုတ်နိုင်ငံလုပ် မီးပုံးများ မီးလင်းချောင်းများ သီတင်းကျွတ် အကြိုရောင်းချ

တက္ကသိုလ် ဝင်တန်း အောင်သူ မည်သူမဆို အမေရိကန် နိုင်ငံ ပြည်ဝင်ခွင့် DV ဗီဇာ လျှောက်ထားနိုင် ..

ရန်ကုန် စက်တင်ဘာ ၂၈
ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးကို အမေရိကန်နိုင်ငံမှ အခြေချ နေထိုင်ခွင့်ပြုခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ပြည်ဝင်သူ ဦးရေ နည်းပါးသည့် စာရင်းတွင် ပါဝင်နေသည့်အတွက် ပညာအရည်အချင်း အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင် မြန် မာ နိုင်ငံသား မည်သူမဆို အောက်တိုဘာ ၂ရက်မှစပြီး www.dvlottery.state.gov မှ လျှောက်ထား နိုင်ပြီဖြစ်ကြောင်း ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ YMCA ခန်းမ၌ ကျင်းပသော အမေရိကန် နိုင် ငံ ပြည်ဝင်ခွင့်  DV ဗီဇာကံစမ်းမဲ သတင်း စာရှင်းလင်းပွဲတွင် အမေရိကန် သံရုံးမှ Vice consul. Jonathan Chestnut က ပြောကြား သည်။

Parallels Desktop 9 Full Version for Mac

http://cdn.appstorm.net/mac.appstorm.net/files/2012/11/logo.png

Parallels Desktop  9 တင်ပြီးပြီးချင်း  14 ရက် Trial Version ဖြစ်နေမည်
 Parallels Desktop  9 Download
ပထမဦးဆုံး
Library>Preferences>Parallels>Licenses.xml ဖိုင်ကို Right Click နှိပ်ပါ
Open With>Text Editer
<keyValue> ပါတဲ့စာကြောင်း  အောက်မှာလုပ်ပုံလုပ်နည်း
<keyValue>ကြားထဲကဟာအကုန်copy ကူး==</keyvalue> 
အရေးကြီးအဆင့်...


*****
Parallels Desktop ကိုဖွင့်

Advanced Message(iOS7 style) v1.15 Apk 3MB

 
Message ကို iOS7 style Message အနေနဲ့ အသုံးပြုချင်တဲ့ သူငယ်ချင်းတွေအတွက် ဖိုင်ဆိုဒ်ကလည်း သိပ်မများတော့ အသုံးပြုကြည့်ပါ အကြိုက်တွေ့မှာပါ 

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ


 မိန်းကလေးတွေဟာ အလှအပ နောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာ တွေကို အလေး မထားမိတာမျိုး ဖြစ်တတ် ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း
ယောကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာ စေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။
(၂) ဝသည်ဟု ထင်မြင်နေခြင်း
မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။
(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း
ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။
(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ကျောက်ချဉ်အေစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။ အခု ကျမ တင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး အစွမ်း ထက်မြက်မှု တချို့ပါ။  http://htetfamily.files.wordpress.com/2012/02/0432.jpg

ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ်ပရိသတ်တိုင်း သိနားလည်ပြီးဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါတယ်။ 

ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။ 


ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။ 

အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စ မှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။ 

ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။ 

ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ်နေရသူများအတွက်လည်း အလွန် အသုံးတည့်ပါတယ်။ 

ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေအတွက်လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။ 

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။ 
ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေလည်း ကျယ်တာကိုလည်း ကျဉ်းစေတဲ့ သတ္တိရှိပါတယ်။

ကျောက်ချဉ်ကို အသုံးပြုပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ် ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင်သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။ 

လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော် များများမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။ 

နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမားလှပါတယ်။ 

ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခု လည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။

တေးအယ်လ်ဘမ်သစ် သုံးခု ထုတ်လုပ်ရန် ဆိုင်မွန်ကိုဝယ်လ်နှင့် စာချုပ်ချုပ်ဆိုလိုက်သည့် One Direction အဖွဲ့ 

လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၇
မိန်းကလေး ပရိသတ်များ အသည်းစွဲ One Direction အဆိုအဖွဲ့သည် ယခုအချိန်မှစ၍ ၂ဝ၁၆ ခုနှစ် အတွင်း တေးအယ်လ်ဘမ်သစ် သုံးခုဖြန့်ချိရန်
ဆိုင်မွန်ကိုဝယ်လ်၏ Syco တေးထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တေးအယ်လ်ဘမ်သစ် သုံးခုအနက် တေးအယ်လ်ဘမ်သစ် နှစ်ခုကို တေးသီချင်းများဖြင့် ဖြန့်ချိသွား မည်ဖြစ်ပြီး တတိယ တေးအယ်လ်ဘမ်ကို ၎င်းတို့အဖွဲ့၏ နာမည်ကြီး တေးသီချင်းများဖြင့် ထုတ်လုပ် ဖြန့်ချိသွား မည် ဖြစ်သည်။
One Direction အဖွဲ့သည် အဆိုပါ စာချုပ်အတွက် အနုပညာကြေး စတာလင်ပေါင် ၁ဝ သန်း ရရှိခဲ့သည်။ ၎င်းစာချုပ်နှင့် ပတ်သက်၍ အဖွဲ့ဝင်အားလုံးက ရေငုံနှုတ်ပိတ် ခဲ့ကြသော်လည်း ယခုအခါ စာချုပ်ချုပ်ဆိုခြင်း ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဆိုင်မွန်ကိုဝယ်လ်နှင့် One Direction အဖွဲ့သားများသည် တေးဂီတ လုပ်ငန်းတွင် လက်တွဲလုပ်ကိုင်ရန် သဘောတူညီပြီး ဖြစ်ပြီး ယခုထက်ပို၍ အောင်မြင်မှုများ ရရှိရန်အတွက် နှစ်ပေါင်း များစွာ ဆက်လက်၍ လက်တွဲသွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံထုတ် The Sun သတင်းစာအား Syco တေး ထုတ်လုပ်ရေးမှ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်ဟု သိရသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJrvK9uBdAwrpvDrK1FVHrtSeQk1ylX_JG0sZDR5ErENaQE9xe9E4HlK2uHfrsBLgdcGd_irubrccKY6ia6TLVCw131F-McQOmaDGmC868zeUXoOlRzkBCQhhtLprUCxYgtVOIdK38i0sH/s1600/One-Direction-2013.jpg

Saturday, September 28, 2013

ဂျက်စတင်ဘီဘာ ကိုရီးယားနိုင်ငံတွင် ဖျော်ဖြေပွဲ ပြုလုပ်သွားမည်

ဆိုးလ် စက်တင်ဘာ ၂၆
ဂျက်စတင်ဘီဘာသည် Believe Tour ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံတွင် ၎င်း၏ ပထမဆုံး ဖျော်ဖြေပွဲကို အောက်တိုဘာ ၁ဝ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုရီးယား မိန်းကလေးများသည် ချောမောလှပပြီး ကိုရီးယား ယဉ်ကျေးမှုသည်လည်း အလွန်စိတ်ဝင်စား ဖွယ်ကောင်းကြောင်း၊ K-pop အဖွဲ့သည် အလွန်ထူးခြားသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အားကျမိကြောင်းနှင့် G-Dragon အဖွဲ့သည်လည်း ထူးခြားသော အရည်အချင်းရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး G-Dragon နှင့် Psy တို့သည် ဖျော်ဖြေပွဲသို့ အတူတကွ တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ဘီဘာက တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားခဲ့သည်။
လှပသော မိန်းကလေးများနှင့် ဖွဲ့စည်းထားသော K-pop အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ရပါက ၎င်းတို့၏ ဖျော်ဖြေမှုကို ကြည့်ရှုလိုပါကြောင်း ဘီဘာက ပြောကြားခဲ့သည်။ ထို့ပြင် ဘဝတွင် သူငယ်ချင်း ကောင်းများရှိခြင်း၊ အချစ်ကို ရှာဖွေတွေ့ရှိခြင်းနှင့် စစ်မှန်သော ပျော်ရွှင်မှုကို ရရှိထားခြင်းသည် စစ်မှန်သော ဘဝတစ်ခုဟု ထင်ပါကြောင်း၊ အာရှအာမခံ ကုမ္ပဏီ AIA ကိုရီးယား ကုမ္ပဏီခွဲနှင့် မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ၎င်းက ပြောကြားသည်။

သင်၏ အိပ်စက်ပုံ အနေအထားက ဖော်ပြနေသော သင့်ကိုယ်ရည် ကိုယ်သွေး

သင်ရဲ့ အိပ်စက်ပုံ အလေ့အထဟာ သင်ထင်တာ ထက်ပိုပြီး သင့် အကြောင်းကို ဖော်ပြနေနိုင် ပါတယ်။
အတွေ့ရများတဲ့ အိပ်စက် ပုံတွေကို ခန္ဓာကိုယ် ဘာသာ စကား ကျွမ်းကျင် သူတွေက အကဲဖြတ်ပြီး ဒီလို အိပ်စက်ပုံ အနေအထားတွေက သင်ဟာ ခေါင်းမာ သူလား၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင် သူလား၊ နေရာယူတတ်သူလား ဆို တာကို သဲလွန်စ ပေးနေကြောင်း ဆိုပါတယ်။

သန္ဓေသားအနေအထား အိပ်စက်တတ်သူလား
အိပ်တဲ့အခါ ဘောလုံး တစ်လုံးထဲမှာ ကွေးပြီး အိပ်သလို အိပ်တတ် သူလား။ လေ့လာမှုအရ လူတစ်ဝက် ကျော်ဟာ စောင်ခြုံပြီး သန္ဓေသားတစ်ဦးလို ကွေး ကာ အိပ်တတ် တယ်လို့ သိရပါတယ်။သန္ဓေ သားလို အိပ်စက်တာက သက်သောင့် သက်သာရှိပြီး စိတ်ပူ ပင်သောကတွေ လျော့ပါး သွားပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
သန္ဓေသားလို ခန္ဓာကိုယ်ကို ကွေးပြီး အိပ်စက်တတ်သူတွေက နိုးနေတဲ့ အချိန် အတောအတွင်းမှာ အလွန် တာဝန် သိပြီး ကျေပွန်ကြပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ် ဆောင်ရမယ့် အလုပ်တွေအကြောင်းကို အလွန်အမင်း စဉ်းစားတတ် သူလည်း ဖြစ်ပါတယ်။

သစ်တုံးတစ်တုံး အနေအထား အိပ်စက်တတ်သူလား
လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးနှစ်ဖက်ချပြီး ဘေးစောင်းအနေ အထားအတိုင်း အိပ်စက်တတ် သူလား။ လေ့လာမှုအရ လူဦးရေ ၃၀ ရာခိုင်နှုန်း နီးပါးဟာ သစ်တုံးတစ်တုံးချထားသလို အိပ်စက်တတ်တယ်လို့ သိရပါတယ်။ ဒီလို အိပ်စက်ပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံးတောင့် တင်းနေပြီး အိပ်ရာ နိုးချိန်မှာ မသက်မသာ ခံစားရတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ကြွက်သား တွေက သင့်တော်တဲ့ အနားရမှု မရှိလို့ပါ။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
အေးဆေးတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ မကြာခဏ တစ်ဦးတည်း သီးသန့်နေတတ်ပြီး သမားရိုးကျ ဘဝမျိုးမှာ နေတတ်ပါတယ်။

ဘေးစောင်းကွေးရင်း ဘေးချထားတဲ့ လက်တွေဆုပ်ကိုင်ကာ အိပ်တတ်သူလား
သင်က ဘေးစောင်းပြီး လက်တွေကို ဆန့်တန်းကာ အိပ်စက်တတ်သူလား။ ဒီလိုအနေ အထားနဲ့ အိပ်စက်သူက ၂၅ ရာ ခိုင်နှုန်းခန့် ရှိပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
သူတို့ဟာ နံနက် အိပ်ရာနိုးတဲ့အခါ စိတ်ဓာတ်တက်ကြွနေတတ်ပါတယ်။ ဒါပေမဲ့ သူတို့က အိပ်မက်တွေမက်၊ စိတ်ကူးတွေယဉ်ကာ နေတတ် တာကြောင့် အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေ မိတတ်ပါတယ်။

မှောက်လျက် အိပ်တတ်သူလား
ဗိုက်ကို အိပ်ရာနဲ့ ကပ်ပြီး လက်နဲ့ ခြေထောက်တွေကို ဘေးထုတ်ကာ အိပ်တတ်သူလား။ ဒီလို အိပ်တတ်သူက ၁၇ ရာခိုင်နှုန်းရှိတယ်လို့ လေ့လာမှု အရ သိရပါတယ်။
ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိသလဲ
မှောက်ရက် အိပ်တတ်သူ အများစုက အချိန်ကို စီမံခန့်ခွဲ တတ်ကြပါတယ်။ ဘယ်တော့မဆို နေရာ ရအောင် ယူတတ်ပါတယ်။ ဒါပေမဲ့ ဒီလို အနေအထားနဲ့ အိပ်တာက နိုးလာတဲ့ အချိန်မှာ ခန္ဓာကိုယ်ကို သိပ်ပြီး သက်သောင့် သက်သာ မရှိစေပါဘူး။ ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော် တတ်ကြပါတယ်။

သွေးအားနည်းခြင်း လက္ခဏာများ


 http://i.huffpost.com/gen/1016598/thumbs/o-HEALTHY-LIFESTYLE-facebook.jpg



ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေပိုင်ရှင်ဟာ သွေးသားကောင်းမွန်တဲ့ အပြင် ပိုးအမျိုးမျိုး ကင်းစင်ရပါတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတာဟာ
သံဓာတ် အလွန်အမင်း ချို့တဲ့လို့ဖြစ်တယ်။ သွေးအားကောင်းလို့ အောက်ဆီဂျင် ပိုမိုသယ်ယူပေးတဲ့ ဟေမိုဂလိုဘင် ပါဝင်မှု သွေးထဲလျော့ကျလာရင် သံဓာတ်လျော့နည်း လာတတ်တယ်။ သဘာဝ သံဓာတ်နည်း စေတာက အာဟာရချို့တဲ့ခြင်း၊ သံဓာတ်ပါတဲ့ အစားအစာ ရှောင်ခြင်း၊ အမျိုးသမီးများ လစဉ်ရာသီသွေး အဆင်းများခြင်း၊ အမျိုးသားများ ဆေးလိပ်၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ဘီစစ်နဲ့ ဘီတွဲလျော့နည်းခြင်းနှင့် အူသိမ်ဦးပိုင်းမှာ အင်စာရင်း ဆစ်ဖက်တာ မွေးရာပါ ချို့ယွင်းမှုကြောင့် သံဓာတ်လျော့နည်းခြင်း ဖြစ်စေတယ်။ ဒီလိုဖြစ်လာရင်ဘီတွဲ ပုံမှန်ထိုးပေးရတယ်။ သွေးအားနည်းတာ တာရှည်လာရင် နာတာရှည် သွေးအားနည်း ရောဂါ ဖြစ်လာမယ်။ သံဓာတ်ပါတဲ့ အစားအစာ များများစားရမယ်။ သွေးမှာ အဓိက အရေးကြီးဆုံးဟာ သွေးနီဥများဖြစ်တယ်။ သွေးနီဥများကို သာမန်အားဖြင့် ရိုးတွင်းခြင်ဆီက တည်ဆောက်ပေးတယ်။ သွေးနီဥ တည်ဆောက်ရေးမှာ ကုန်ကြမ်းအားဖြင့် အသားဓာတ် (ပရိုတိန်း)၊ ဗီင်္တာမင်များ (ဗီတာမင်ဘီစစ်၊ ဗီတာမင်ဘီတွဲ)၊ ဖောလစ်အက်စစ်၊ ဗီတာမင်စီ၊ သတ္တုဓာတ်များမှာ သံဓာတ်၊ ကော့ပါး၊ ကိုဘော့တို့ကို လိုအပ်ပါက အာဟာရချို့တဲ့ရင် သွေးနီဥများ မတည်ဆောက်နိုင်ဘဲ သွေး အားနည်း ရောဂါ ဖြစ်စေ ပါတယ်။

ငှက်ပျောသီးမှ ပေးစွမ်းနိုင်သော ကျန်းမာရေးဆိုင်ရာနှင့် အလှအပရေးရာ



 http://www.winkyboo.com/wp-content/uploads/bananas-1.jpg


မြန်မာနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ကျေးရွာ မြို့ပြမကျန်  ဘာသာရေးပွဲများနှင့် အချိုပွဲများ တည်ခင်းရာ၌ မပါမဖြစ်သော ငှက်ပျောသီးမှာ  စားသုံးရုံသာ မက
ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကဏ္ဍများတွင်လည်း အသုံးဝင်ကြောင်း တင်ပြလိုက်ရ ပါသည်။
နှလုံးဆဲလ် စွမ်းအင်မြှင့်တင် ပေးနိုင်သော ငှက်ပျောသီး နေ့စဉ်ပုံမှန် လှုပ်လှုပ်ရှားရှားဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြရသည့် လုပ်သားများအဖို့ ခန္ဓာကိုယ်ထဲရှိ နှလုံးကြွက် သားဆဲလ်များ အမြဲကျန်းမာသန်စွမ်း စေရန် တစ်နေ့လျှင် ငှက်ပျောသီး နှစ်လုံးစားခြင်းဖြင့် သေဆုံးသွားသည့် ဆဲလ်များ၏ နေရာသို့ ဆဲလ်အသစ် ထပ်မံအားဖြည့်သည့် အစွမ်းရရှိပြီး Instant Energy ကိုလည်း ထပ်မံဖြည့်စွမ်းပေးနိုင်သည့် အပြင် အနားယူအိပ် စက်သည့် နေရာ၌လည်း နှစ်ခြိုက်စွာ အိပ်ပျော်စေရန် များစွာ အထောက်အကူ ပြုပေးနိုင်စွမ်းရှိသည်။
နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် လူတစ်ဦး၏ ဦးနှောက်ထဲတွင်ရှိသော Pineal Gland ကထုတ်လိုက်သည့် melatonin ဟုခေါ်သော ဟော်မုန်းတစ်မျိုးသည် အိပ်စက်ခြင်းကို  လှည့်လည် လှုံဆော်ပေးသည်။  ညအမှောင်တွင် လူ၏ဦးနှောက်ထဲ၌ Pineal Gland uae melatonin ထုတ်လွှင့်မှုအတွက် Tryptophan ဆိုသည့်အက်စစ်တစ်မျိုး ကိုလိုအပ်ရာ   အဆိုပါ အက်စစ်ကို ငှက်ပျောသီးမှရရှိပြီး အိပ်ရာမဝင်မီ အနည်းငယ် အလိုတွင် စားသုံး ပေးပါက ဦးနှောက်ထဲရှိ  ကြွက်သားများကို အထောက်အကူ ပေးစွမ်းနိုင်ကာ နှစ်ခြိုက်စွာ အိပ်စက် နိုင်ကြောင်း ကျန်းမာရေး သုတေသီများက စမ်းသပ် တွေ့ရှိခဲ့သည်။

ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား

လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

ပိန်တဲ့ အမျိုးသား ဖက်ရှင် မကျဘူးလား

ကိုရီးယားစတိုင်လ် လွှမ်းမိုး အားကောင်းနေတဲ့ ယနေ့ခေတ်မှာ အမျိုးသား တော်တော် များများဟာ ဖက်ရှင် ကျနေကြပါပြီ။
သို့သော်ငြားလည်း ဖက်ရှင်အမြင် အားနည်းသေးတဲ့ အမျိုးသား ပရိသတ်များကြားမှာ ပိန်သူတွေ ၀တ်ဆင်ရမဲ့ ဖက်ရှင် ဆောင်ရန်၊ ရှောင်ရန် ကိုတော့ သိရှိသူ နည်းပါး လှပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ညှက်တဲ့ အမျိုးသားတွေ ဘယ်လို ၀တ်ဆင်သလဲ ဆိုတာကို မျှဝေ ပေးလိုက်ပါတယ်။

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ဝက်ခြံနဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ်ရှားမယ်

 


ဝက်ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။ အဲ့ဒီတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်..... 
၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။ ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန်တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့လမ်း ဖြစ်လာတတ်လို့။ 
၂။အဆီပြန် တတ်တဲ့ အသားအရည် ပိုင်ရှင်များက အစားအသောက် စားတဲ့အခါ အဆီအစိမ့်နဲ့ နို့ထွက် ပစ္စည်းကို ရှော့စားပေးပါ။ တနေကုန် အလုပ်လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာ နေရတဲ့ သူများ အနေနဲ့ တစ်ရှုးသန့်သန့်ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့် လုပ်ပေးသင့်တယ်။ အဆီပြန်လာတဲ့ အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။ နောက်တခုက။ ။ ခရမ်းချဉ်သီးနဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။ လွယ်လွယ်လေးနော်.....၂နည်း ရှိတယ်။ 

ပိန်ချင်ရင် သရက်သီးအခွံစားပါ


 အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။ 
သရက်သီး အခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီ ကလာပ်စည်း ဖြစ်ပေါ်နေသော လုပ်ငန်းစဉ် ဖြစ်သည့် Adipogenesis ကို နှိမ်နင်း ပေးတယ်လို့ ဆိုပါတယ်။ အပူပိုင်း သစ်သီးများ ထဲက တစ်မျိုးဖြစ်တဲ့ သရက်သီး များထဲမှာ အမျိုးမျိုးကွဲ ပြားခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။ 
သရက်သီးထဲမှာ အပင်ထွက် ဓာတု ပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုး ဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီး အခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခု ကတော့ အဆီ ကလာပ်စည်းများ ဖြစ်ပေါ် အဆီ ကလာပ်စည်းများက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်း မျိုးဟာ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်း အတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။


မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်



 http://adrienchan.files.wordpress.com/2010/08/20100810_eye.jpg




မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
၁။ကန်စွန်းဥစားပါ
ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ် နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။
၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။
အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။
၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်း လျှောက် တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်တယ်လို့သိရပါတယ်။
၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ
ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ် အောင် ကာကွယ်နိုင်ပေးပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။
၅။ မွှေးရနံ့ ရှူပါ
စံပယ်ပန်းရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။

အနုပညာမျိုးရိုးရှိလို့ ကိုယ့်ကိုထောက်ပံ့ပေးတယ်ဆိုရင်ကိုယ်က မကြိုးစားဘဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ (ပိုးအိဖြူဇင် နှင့်တွေဆုံခြင်း)

မော်ဒယ်လောကတွင် နာမည်တစ်ခုရဖို့ဆိုတာ အင်မတန်မှခက်ခဲသည့် အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ အလှကမ္ဘာလို့ တင်စားခေါ်ဝေါ် ကြသည့် မော်ဒယ်လောကတွင် ရှိုးပွဲများအများဆုံးလျှောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်ကိုကူးပြောင်းမည့် ပိုးအိဖြူဇင်နှင့် အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

စိတ်ညစ်နေချိန်မှာ Shopping ထွက်တာ အကောင်းဆုံးပါပဲလို့ ယူဆသူလေး ခင်ဝင့်ဝါ


လတ်တလော အနုပညာလှုပ်ရှားမှုအ ကြောင်း။

အခု ညီမ မဂ်္ဂဇင်းနဲ့ ဂျာနယ် Cover တွေအတွက် ဓာတ်ပုံရိုက်ပေးနေပါတယ်။ ပြီးတော့ အင်တာဗျူးတွေ လည်း ဖြေပေး တယ်။ ပြီးရင် ၂၀၁၄ ပြက်္ခဒိန်ရိုက် ဖို့ရှိတယ်။ တိုင်းရင်းဆေး ကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်။

အရင်အေဂျင်စီနဲ့ ပြဿနာတက်တယ်ဆို တာက။

သြော် ဟုတ်ကဲ့။ အဲဒီကိစ်္စကအဆင်ပြေ ပါတယ်။ အခု အေးအေးဆေးဆေးပြီးသွားပါ ပြီ။Supranational Organization မှာက အေဂျင်စီတစ်ခုခုနဲ့ စာချုပ်ချုပ်ထားတာ မရှိရ ဘူး။ ရှိခဲ့ရင်လည်း ဖြတ်ပေးရမယ်။ ပြိုင်ပွဲစည်း ကမ်းမို့လို့ပါ။ သူတို့အနေနဲ့က Miss နဲ့ Model နဲ့မတူဘူးဆိုတာကို ပြောပြချင်တာ။ သူတို့စာချုပ်ကလည်း Miss International တွေကို အေဂျင်စီ၊ အေးဂျန့်တွေ၊ Organization တွေနဲ့ စာချုပ်ချုပ်ထားတာ မရှိရဘူး။ ရှိခဲ့ရင် လည်း ဖြတ်ပေးရမယ်ဆိုတဲ့ အချက်ပါ တယ်။ အဲဒါကြောင့်မို့လို့ပါ။ Miss Supranational ရကတည်းက သူတို့နဲ့ ချုပ်ရတာ။

မိမိကလေးကို အိပ်ယာထဲဆီးမသွားအောင် လုပ်နည်း



အိပ်ရာထဲ ဆီးသွားတာက ရောဂါ မဟုတ်ပါဘူး။ ဆီးအိတ်ပြည့်တဲ့ အခါ ကလေးတွေရဲ့ ဦးနှောက်ဆီကို အိပ်ရာကထဖို့ နှိုးဆော်တဲ့ သင်္ကေတ မရောက်ရှိလို့ ဖြစ်ရတာပါ။ ဒါက ကလေးရဲ့ အပြစ်မဟုတ်ပါဘူး ။ လေ့လာမှုတွေအရ ကလေးတွေကို ဆူပှုကြိမ်မောင်းတာ၊ ဝမ်းနည်းအောင် အော်ဟစ်ရိုက်နှက်တာ စတဲ့ အပြုအမှုတွေ လုပ်တဲ့အခါ ညဘက်မှာ အိပ်ရာထ ဆီး သွားတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေးတွေ အိပ်ရာထဲ ဆီးမသွားအောင် အောက်ပါတို့ကို ဆောင်ရွက်သင့်ပါတယ်။

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ


သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန်စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ  “ဒီနေ့လည်း ကန်စွန်းရွက်ပဲလားကွာ” ဆိုပြီး မညည်းတွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်း စတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။

Sunday, August 4, 2013

မျက်နှာပေါ်က အမည်းစက်တွေ ကင်းအောင်


မျက်နှာပေါ်က အမည်းစက်တွေ ကင်းအောင်

မျက်နှာပေါ်မှာ အမည်းစက်တွေ ထင်ကျန်မှု ကင်းစေဖို့ ဂရုစိုက် သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

၁)မျက်နှာပေါ်က ဝက်ခြံနဲ့ အဖုတွေကို ညှစ်တာမျိုး လက်သည်းနဲ့ ကုတ်ဖဲ့ လိုက်တာမျိုးကို ရှောင်ပါ။

၂)ဝက်ြခံ တွေကို ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးဖောက် တာမျိုးလို အကျင့်တွေကြောင့် ရောဂါပိုး ဝင်တတ် ပါတယ်။

၃)မျက်နှာပေါ်မှာ ဝက်ခြံ အများကြီး ပေါက်နေချိန်နဲ့ အဖုတွေ ပေါက်နေချိန်မှာ မျက်နှာ ကြေးချွတ် သန့်စင် တာမျိုးလို အတင်း ပွတ်တိုက်မှုတွေ မလုပ်ပါနဲ့။

၎) မျက်နှာပေါ်က အဖုနဲ့ ဝက်ခြံတွေပေါ်ကို ပူတဲ့ အဝတ်နဲ့ အုပ်တာမျိုးကို ရှောင်ပါ။

၅)အဖုတွေ ပေါ်ကို ဝက်ခြံ ပျောက်ဆေးသာ လိမ်းပေးပြီး တခြား လောင်ကျွမ်းစေတဲ့ ဆေးတွေကို အစက်ချ လိမ်းပေးတာ မျိုးရှောင်ပါ။

၆)ဝက်ခြံနဲ့ အဖုတွေပေါ်ကို ရေအေးဝတ် ဒါမှမဟုတ် ရေခဲနဲ့ တစ်နေ့ကို နှစ်မိ နစ်လောက် ကပ်ပေးတာက ရောင်ရမ်းမှု ကိုကျစေပြီး ဝက်ခြံ သက်သာ စေပါတယ်။


Monday, July 15, 2013

အလှအပရေးရာ နည်း ၁၂ သွယ်



ကမ္ဘာတစ်ဝန်းရှိ အလှအပရေးရာ ကျွမ်းကျင်သူတွေက အကောင်းဆုံး အလှအပ နည်းလမ်းတွေကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

Beauty Tip (1) အရွယ်မရွေး ငယ်နုနေအောင်


“သင့်လက်တွေနဲ့ လည်ပင်းကို အမြဲတမ်း နေကာခရင်မ် လိမ်းပေးပါ” လို့ သြစတြေးလျ မိတ်ကပ်ပညာရှင် စူးက ဆိုပါတယ်။ “လက်နဲ့လည်ပင်းဟာ အိုမင်းမှုကို အမြန်ဆုံး ပြသနိုင်တာကြောင့် မျက်နှာလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ အသွင်ရရှိစေဖို့ မျက်နှာလိုပဲ လက်နဲ့ လည်ပင်း အရေပြားကိုလည်း ဂရုစိုက်သင့်ပါတယ်” လို့ သူက ရှင်းပြပါတယ်။


Beauty Tip (2) လက်သည်း၊ ခြေသည်း ကျန်းမာ လှပလာအောင်


“ပြင်သစ် အမျိုးသမီးတွေ ပြုလုပ်နေကျနည်းပါ။ လက်သည်း၊ ခြေသည်းနဲ့ ဆံကေသာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့ ဒိန်ချဉ်၊ အခွံမာသီး၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို စားလေ့ရှိတာပဲ ဖြစ်ပါတယ်” လို့ နိုင်ငံတကာ သဘာဝ အရင်းအမြစ် ကုမ္ပဏီမှ ဘဲလ်ဂျန်စကိက ဆိုပါတယ်။

ဆယ်ကျော်သက်များရဲ့ ဘုံရန်သူ ( သို့မဟုတ် ) ဝက်ခြံ


ဝက်ခြံဆိုတာ ဘာလဲ ??
ပထမဆုံး ဝက်ခြံဆိုတာကို ရင်ဆိုင်ဖို့ဆိုရင် သူဘာဆိုတာကို အရင် သိထားသင့်တာပေါ့။ ဝက်ခြံ ( Acne ) ဆိုတာ အရေပြားမှာဖြစ်သော ရောင်ရမ်းနာ လို့ပဲ အလွယ်ပြောကြပါစို့။ ဝက်ခြံမှာ အကြမ်းအားဖြင့် ၂မျိုးရှိပါတယ်။ ဆယ်ကျော်သက် အရွယ်မှာအဖြစ်များတဲ့ ဝက်ခြံ 
( Acne Vulgaris ) အဖြစ်အများဆုံးပေါ့ဗျာ။ နောက် အသက် ၃၀ကျော်တွေမှာ ပေါက်တတ်သော နာတာရှည် ဝက်ခြံ ( Acne Rosacea ) ဆိုတာလဲ ရှိပါသေးတယ်။ အခုကတော့ ပထမ ဝက်ခြံအမျိုးအစားကိုပဲ အဓိကထား ပြောပါ့မယ်။ သူ့မှာ အရောင် ၃မျိုးရှိသဗျ။ အဖြူ၊
အနက်၊ အနီ ပေါ့။ အဖြူကတော့ မွေးညင်းအိတ်ပိတ်နေရင် ဖြစ်တတ်ပါတယ်။ ပွင့်နေရင်တော့ အနက်ပေါ့။ အဲဒီ့မှာမှ ဘက်တီးရီးယားကြောင့် ရောင်ရမ်းနေမယ်ဆိုရင် အနီပေါ့။
ဝက်ခြံမှာ အဆင့် ၄ဆင့်ရှိပါတယ်။
(၁) စဖြစ်တဲ့ အဆင့် နီမယ်၊ နာမယ် Acne Pimple
(၂) နီပြီး ဖေါင်းလာမယ် Red bump
(၃) ပြည်တည်လာမယ် Acne Pustule
(၄) အိတ်တခုလို ပိုကြီးလာမယ် Acne Cyst ။

ပျော့ပျောင်း တောက်ပသော ဆံကေသာ ပိုင်ဆိုင်စေမည့် ငွေကုန်ကြေးကျ မများသောနည်းများ


နာမည်ကျော်တွေလို တောက်ပစိုပြည်တဲ့ ဆံကေသာအလှ ရရှိစေဖို့ ငွေကုန်ကြေးကျ မများတဲ့ အလွယ်နည်းတွေကို အကြံပြုလိုက်ပါတယ်။


နည်းလမ်း (၁) မုရောနိစ်သုံးပြီး ထိန်းသိမ်းမှု

ရေဆွတ်ထားတဲ့ ဆံပင်ကို မုရောနိစ်များများ လိမ်းပေးတာက ဆံပင်သားကို အလွယ်တကူ စိုပြည် တောက်ပစေပါတယ်။ မုရောနိစ် လိမ်းတဲ့အခါ ဦးရေပြား၊ ဆံပင်လိုင်းနားကပ်ပြီး မလိမ်းပါနဲ့။ ဆံပင်အဖျားတွေကို များများလိမ်းပါ။ မုရောနိစ်လိမ်းပြီး ခေါင်းကို ခေါင်းစွပ် စွပ်ထားပါ။ ရေချိုးပြီးမှ ဆံပင်တွေကို ပုံမှန်အတိုင်း ခေါင်းလျှော် ချလိုက်ပါ။

နည်းလမ်း (၂) ကြက်ဥ၊ ဘဲဥသုံးပြီး ဆံကေသာ ထိန်းသိမ်းမှု