♥♥♥ Welcome to Healthy & Knowledge ♥♥♥ လာရောက်သူအပေါင်းကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ...♥♥♥
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, September 28, 2013

ဂျက်စတင်ဘီဘာ ကိုရီးယားနိုင်ငံတွင် ဖျော်ဖြေပွဲ ပြုလုပ်သွားမည်

ဆိုးလ် စက်တင်ဘာ ၂၆
ဂျက်စတင်ဘီဘာသည် Believe Tour ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်အတွင်း ကိုရီးယားနိုင်ငံတွင် ၎င်း၏ ပထမဆုံး ဖျော်ဖြေပွဲကို အောက်တိုဘာ ၁ဝ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုရီးယား မိန်းကလေးများသည် ချောမောလှပပြီး ကိုရီးယား ယဉ်ကျေးမှုသည်လည်း အလွန်စိတ်ဝင်စား ဖွယ်ကောင်းကြောင်း၊ K-pop အဖွဲ့သည် အလွန်ထူးခြားသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အားကျမိကြောင်းနှင့် G-Dragon အဖွဲ့သည်လည်း ထူးခြားသော အရည်အချင်းရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး G-Dragon နှင့် Psy တို့သည် ဖျော်ဖြေပွဲသို့ အတူတကွ တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ဘီဘာက တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားခဲ့သည်။
လှပသော မိန်းကလေးများနှင့် ဖွဲ့စည်းထားသော K-pop အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ရပါက ၎င်းတို့၏ ဖျော်ဖြေမှုကို ကြည့်ရှုလိုပါကြောင်း ဘီဘာက ပြောကြားခဲ့သည်။ ထို့ပြင် ဘဝတွင် သူငယ်ချင်း ကောင်းများရှိခြင်း၊ အချစ်ကို ရှာဖွေတွေ့ရှိခြင်းနှင့် စစ်မှန်သော ပျော်ရွှင်မှုကို ရရှိထားခြင်းသည် စစ်မှန်သော ဘဝတစ်ခုဟု ထင်ပါကြောင်း၊ အာရှအာမခံ ကုမ္ပဏီ AIA ကိုရီးယား ကုမ္ပဏီခွဲနှင့် မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ၎င်းက ပြောကြားသည်။

No comments:

Post a Comment