♥♥♥ Welcome to Healthy & Knowledge ♥♥♥ လာရောက်သူအပေါင်းကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ...♥♥♥
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, September 28, 2013

သွေးအားနည်းခြင်း လက္ခဏာများ


 http://i.huffpost.com/gen/1016598/thumbs/o-HEALTHY-LIFESTYLE-facebook.jpg



ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေပိုင်ရှင်ဟာ သွေးသားကောင်းမွန်တဲ့ အပြင် ပိုးအမျိုးမျိုး ကင်းစင်ရပါတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတာဟာ
သံဓာတ် အလွန်အမင်း ချို့တဲ့လို့ဖြစ်တယ်။ သွေးအားကောင်းလို့ အောက်ဆီဂျင် ပိုမိုသယ်ယူပေးတဲ့ ဟေမိုဂလိုဘင် ပါဝင်မှု သွေးထဲလျော့ကျလာရင် သံဓာတ်လျော့နည်း လာတတ်တယ်။ သဘာဝ သံဓာတ်နည်း စေတာက အာဟာရချို့တဲ့ခြင်း၊ သံဓာတ်ပါတဲ့ အစားအစာ ရှောင်ခြင်း၊ အမျိုးသမီးများ လစဉ်ရာသီသွေး အဆင်းများခြင်း၊ အမျိုးသားများ ဆေးလိပ်၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ဘီစစ်နဲ့ ဘီတွဲလျော့နည်းခြင်းနှင့် အူသိမ်ဦးပိုင်းမှာ အင်စာရင်း ဆစ်ဖက်တာ မွေးရာပါ ချို့ယွင်းမှုကြောင့် သံဓာတ်လျော့နည်းခြင်း ဖြစ်စေတယ်။ ဒီလိုဖြစ်လာရင်ဘီတွဲ ပုံမှန်ထိုးပေးရတယ်။ သွေးအားနည်းတာ တာရှည်လာရင် နာတာရှည် သွေးအားနည်း ရောဂါ ဖြစ်လာမယ်။ သံဓာတ်ပါတဲ့ အစားအစာ များများစားရမယ်။ သွေးမှာ အဓိက အရေးကြီးဆုံးဟာ သွေးနီဥများဖြစ်တယ်။ သွေးနီဥများကို သာမန်အားဖြင့် ရိုးတွင်းခြင်ဆီက တည်ဆောက်ပေးတယ်။ သွေးနီဥ တည်ဆောက်ရေးမှာ ကုန်ကြမ်းအားဖြင့် အသားဓာတ် (ပရိုတိန်း)၊ ဗီင်္တာမင်များ (ဗီတာမင်ဘီစစ်၊ ဗီတာမင်ဘီတွဲ)၊ ဖောလစ်အက်စစ်၊ ဗီတာမင်စီ၊ သတ္တုဓာတ်များမှာ သံဓာတ်၊ ကော့ပါး၊ ကိုဘော့တို့ကို လိုအပ်ပါက အာဟာရချို့တဲ့ရင် သွေးနီဥများ မတည်ဆောက်နိုင်ဘဲ သွေး အားနည်း ရောဂါ ဖြစ်စေ ပါတယ်။

ကာလကြာသောအခါ အလွန်သွေးအားနည်းခြင်း ဖြစ်နိုင်တယ်။ သွေးအားနည်း ရောဂါ ကာကွယ်ဖို့ စားသုံးတဲ့ အာဟာရမှာ ဗီတာမင်၊ သတ္တုဓာတ်နှင့် အသားဓာတ် (ပရိုတိန်း)တို့ လုံလောက်စွာပါရှိဖို့ အထူးလိုအပ်ပါတယ်။ သွေးရဲ့ဂုဏ်သတ္တိ အရောင်ဟာ အနီရောင် ဖြစ်တယ်။ သွေးနီဥမှ ထွက်တဲ့ ဟေမိုဂလိုဘင်ကြောင့် အနီရောင် ဖြစ်နေပြီးတော့ အနီရောင်ရဲ့ တောက်ပမှုဟာ ဟေမိုဂလိုဘင်နဲ့ အောက်ဆီဂျင် ပေါင်းစပ်မှုနှုန်း အပေါ်မူတည်တယ်။ အရောင်ဖြတ်သန်းမှုမှာ အလင်းရောင် ဖြတ်သန်းနိုင်စွမ်း မရှိပါဘူး။ သွေးမှာပါဝင်တဲ့ ကလာပ်စည်းများကြောင့် အရောင်မဖြတ်နိုင်ခြင်း ဖြစ်တယ်။ ပျစ်ချွဲမှုအနေနဲ့ သွေးဟာ ရေနဲ့နှိုင်း ယှဉ်ပါက သုံးဆမှငါးဆအထိ ပျစ်ချွဲနိုင်တယ်။ သွေးရဲ့ သိပ်သည်းဆဟာ ၁ ဒသမ ဝ၅ မှ ၁ ဒသမ ဝ၆ အကြားရှိတယ်။
သံဓာတ်အားဆေးကို ကိုယ်ဝန်ဆောင် အားဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။ လေးလတစ်ကြိမ် သွေးလှူရှင်များ အနေနဲ့ သံဓာတ်အားဆေး၊ ဖောလစ်အက်စစ်တို့ ပါဝင်သောက်သုံး သွားကြတာ ရှိတယ်။ သွေးနီဥ ဆဲလ်တစ်လုံးရဲ့ ပျမ်းမျှအသက်ဟာ ရက်ပေါင်း ၁၂ဝ ဖြစ်တဲ့အပြင် လေးလပြည့်တိုင်း သွေးတစ်ကြိမ် လှူနိုင်လို့ အကြိမ် (၂ဝဝ) ကျော် သွေးလှူ နေသူများ တွေ့ရှိနိုင်ပါတယ်။ ကုန်ဆုံးသွားတဲ့သွေးကို အလဟဿမဖြစ်ဘဲ တစ်စုံတစ်ယောက် အသက်ရှင်ဖို့ လှူဒါန်းပေးတာဟာ မြန်မာလူမျိုးတစ်မျိုး တည်းမှာပဲ ရှိတာကြောင့် လူတိုင်းသွေးလှူရှင်များ ဖြစ်နိုင်ပါတယ်။ ။    

No comments:

Post a Comment