♥♥♥ Welcome to Healthy & Knowledge ♥♥♥ လာရောက်သူအပေါင်းကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ...♥♥♥
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, September 29, 2013

အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင်

အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင် .................

အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်း ပစ္စည်းတွေဟာ အသားအရေ ပြဿနာကို လျော့ပါးသက်သာ စေပေမယ့် အသားအရေ ကျန်းမာလှပဖို့ရာ အတွက် အစား အစာတွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့မထား သင့်ပါဘူး။ သင့်အသားအရေက ပုံမှန်ထက်ပိုခြောက်သွေ့ နေရင် ပိုအဆီပြန် နေရင်၊ ပိုနီရဲနေရင်၊ ပိုအိုမင်းနေရင် အဲဒီ ပြဿနာတွေကို ကူညီဖြေရှင်း ပေးနိုင်မယ့် အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ်။


မလှပသော အသားရေအတွက် အစိမ်းရောင် ဟင်းသီးဟင်းရွက်
အသားအရေ ခြောက်သွေ့တာ၊ နွမ်းနယ်တာစတဲ့ မလှပေတဲ့ အရေပြားကို လိုးရှင်းတွေ လိမ်းပေမယ့် အခြေခံအသားအရေ ကတော့ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လိုးရှင်းလိမ်းတာ အပြင် နေ့စဉ်စားသောက်တဲ့ အစားအသောက် တွေကိုလည်း အသားအရေအတွက် ရွေးချယ်စားသောက်ဖို့ လိုပါတယ်။



အသားအရေ ကျန်းမာလှပရေး အတွက် အစိမ်းရောင် အရွက်တွေကို ရွေးချယ်စားသောက် သင့်ပါတယ်။ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစတဲ့ အရွက်တွေမှာပါတဲ့ ဗီတာမင်တွေနဲ့ သွပ်ဓာတ်တွေဟာ ဆဲလ်တွေကို ပြုပြင်ပေးခြင်းနဲ့ အရေပြားကို အနာကျက် မြန်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

နေလောင်ဒဏ်ခံရသော အသားအရေ အတွက် အင်တီအောက်ဆီးဒင့်
အသားအရေဟာ နေဒဏ်ကို ထပ်ခါတလဲလဲ ထိတွေ့ရဖန်များတဲ့အခါ အသားအရေ ထိခိုက်ပျက်စီး စေနိုင်ပါတယ်။ အသားအရေ ကျန်းမာလှပစေဖို့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီးစတာတွေ စားပေးပါ။

နေ့စဉ် အစားအသောက်ထဲမှာ အင်တီအောက်ဆီဒင့် ပါဝင်တဲ့ အသီးအနှံတွေ ထည့်စားပေးရင် အရေပြား ထိခိုက်ပျက်စီးမှုကနေ ပြန်လည် ကောင်းမွန်လာစေပါတယ်။

နီရဲရောင်ရမ်းနေသော အသားအရေ အတွက် အိုမီဂါသရီးဖက်တီး အက်စစ်
အရေပြားဟာ ကြမ်းတမ်းပြင်းထန်တဲ့ ဓာတုဗေဒပစ္စည်းတွေ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့ လေထုတွေကြောင့် နီရဲရောင်ရမ်းကာ မသက်မသာ ဖြစ်စေနိုင်ပါတယ်။ အဲဒီပြဿနာ ပြေလည်ဖို့ရာ အတွက် အိုမီဂါသရီး ဖက်တီး အက်စစ်ပေါကြွယ်ဝတဲ့ တူနာငါး၊ ဆော်လမွန်ငါး စတာတွေ စားပေးပါ။

နေ့စဉ် အစားအသောက်ထဲမှာ အိုမီဂါသရီးဖက်တီး အက်စစ်ပါတဲ့ အစားအစာထည့်စားရင် အကျိုးကျေးဇူးများစွာ ရရှိနိုင်တယ်ဆိုတာ သိပေမယ့် အသားအရေအတွက် ကောင်းမှန်း သတိမထားမိတတ် ကြပါဘူး။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ အသားအရေရဲ့ နီမြန်း ရောင်ရမ်းကာ မသက်မသာ ခံစားရမှုကို သက်သာလျော့ပါးစေပါတယ်။ Omega 3 Fatty Acid ကို ဆေးဖြည့်ဆေး အနေနဲ့ မှီဝဲလို့ ရပါတယ်။

အရွယ်မတိုင်ခင် အိုမင်းနေသော အသားအရေအတွက် လိုင်ကိုပင်း
နုပျိုလန်းဆန်းမှုကို လူတိုင်းလိုလား ပေမယ့် နုပျိုဖို့ရာအတွက် အစားအသောက်တွေရဲ့ အခန်းကဏ္ဍကိုတော့ သတိမပြုမိတတ်ကြပါဘူး။ လိုင်ကိုပင်းပါတဲ့ အစားအစာတွေက အသားအရေနုပျိုလှပဖို့ရာ အတွက် အသုံးဝင်ပါတယ်။ လိုင်ကိုပင်း အများဆုံး ပါဝင်တဲ့ အကောင်းဆုံးအစာက ခရမ်းချဉ်သီးပါ။ ခရမ်းချဉ်သီးကို အသီးအရွက်သုပ်တွေထဲ ထည့်စားပေးရင် အရေပြားကို နုပျိုလှပစေပါတယ်။Health
Ref Credit by Mg Mandalay

No comments:

Post a Comment