လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၇
မိန်းကလေး ပရိသတ်များ အသည်းစွဲ One Direction အဆိုအဖွဲ့သည် ယခုအချိန်မှစ၍ ၂ဝ၁၆ ခုနှစ် အတွင်း တေးအယ်လ်ဘမ်သစ် သုံးခုဖြန့်ချိရန်
ဆိုင်မွန်ကိုဝယ်လ်၏ Syco တေးထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တေးအယ်လ်ဘမ်သစ် သုံးခုအနက်
တေးအယ်လ်ဘမ်သစ် နှစ်ခုကို တေးသီချင်းများဖြင့် ဖြန့်ချိသွား မည်ဖြစ်ပြီး
တတိယ တေးအယ်လ်ဘမ်ကို ၎င်းတို့အဖွဲ့၏ နာမည်ကြီး တေးသီချင်းများဖြင့် ထုတ်လုပ်
ဖြန့်ချိသွား မည် ဖြစ်သည်။
One Direction အဖွဲ့သည် အဆိုပါ
စာချုပ်အတွက် အနုပညာကြေး စတာလင်ပေါင် ၁ဝ သန်း ရရှိခဲ့သည်။ ၎င်းစာချုပ်နှင့်
ပတ်သက်၍ အဖွဲ့ဝင်အားလုံးက ရေငုံနှုတ်ပိတ် ခဲ့ကြသော်လည်း ယခုအခါ
စာချုပ်ချုပ်ဆိုခြင်း ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။
ဆိုင်မွန်ကိုဝယ်လ်နှင့် One Direction အဖွဲ့သားများသည် တေးဂီတ လုပ်ငန်းတွင်
လက်တွဲလုပ်ကိုင်ရန် သဘောတူညီပြီး ဖြစ်ပြီး ယခုထက်ပို၍ အောင်မြင်မှုများ
ရရှိရန်အတွက် နှစ်ပေါင်း များစွာ ဆက်လက်၍ လက်တွဲသွားမည် ဖြစ်ကြောင်း
ဗြိတိန်နိုင်ငံထုတ် The Sun သတင်းစာအား Syco တေး ထုတ်လုပ်ရေးမှ
ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်ဟု သိရသည်။

No comments:
Post a Comment