♥♥♥ Welcome to Healthy & Knowledge ♥♥♥ လာရောက်သူအပေါင်းကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ...♥♥♥
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, September 29, 2013

လက်တွေ့  လုပ်ငန်းခွင်ပါသော Architecture ဘာသာရပ်ကို့ UCSI တက္ကသိုလ်တွင် သင်ယူ နိုင်ပြီ

ရန်ကုန် စက်တင်ဘာ ၂၄
မလေးရှားနိုင်ငံတွင် Compus လေးခုဖြင့် ရပ်တည်လျက်ရှိသော UCSI တက္ကသိုလ်တွင် ဘာသာရပ် ဌာနပေါင်းရှစ်ခုဖြင့် ဖွဲ့စည်းထားပြီး ဘာသာရပ်ပေါင်း ၇ဝ ခန့်
သင်ကြား ပေးလျက်ရှိသည်။ အဆိုပါ တက္ကသိုလ်တွင် School of Anti-Aging, Aesthetics & Regenerative Medicine ဘာသာရပ်ကို မြန်မာနိုင်ငံမှ ဆရာဝန်ဘွဲ့ရ ကျောင်းသားများ အများဆုံး တက်ရောက်သင်ယူခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝန်းကျင်ခန့် ရှိခဲ့ကြောင်း သိရသည်။ Civil Engineering နှင့် Architecture Studies ဘာသာရပ်များကို မြန်မာနိုင်ငံမှ ကျောင်းသားများ စိတ်ဝင်စားခဲ့ပြီး ၎င်းဘာသာရပ်များကို အလုပ်သင် ကာလခြောက်လနှင့်တွဲ၍ သင်ကြားရမည် ဖြစ်ကြောင်း Myanmar Search International (MSI) သိရသည်။
UCSI တက္ကသိုလ်တွင် ဗိသုကာပညာရပ် Architecture ကို Diploma Level မှ B.A (Hons:) နှင့် B.Sc(Hons:) Level အထိ လုပ်ငန်းခွင်ကာလ ခြောက်လနှင့် ပူးတွဲသင်ကြားနိုင်သည်။ UCSI ၏ Architecture ဘာသာရပ်သည် ကျွမ်းကျင်စွာလုပ်ငန်းခွင် ဝင်နိုင်ရန် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ နားလည်နိုင်စွမ်းနှင့် လက်တွေ့ပိုင်းဆိုင်ရာ ကျွမ်းကျင်ရန် လိုအပ်ချက် များကို မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်။ ကျောင်းသားများသည် ကျောင်းတက်ရင်းနှင့် လုပ်ငန်းခွင် ခြောက်လ လုပ်ကိုင်ရမည် ဖြစ်သောကြောင့် ဘွဲ့ရကျောင်းသားများ Architectural, Interior Architectural, Developer, Construction, Supplier and Manufacture နယ်ပယ်များနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ကျွမ်းကျင်သော လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

''ဒီဘာသာရပ်နဲ့ ဘွဲ့ရကျောင်းသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အများကြီး ရှိပါတယ်။ ဗိသုကာ ပညာရပ်ကို အခုမြန်မာနိုင်ငံက ကျောင်းသားတွေ စိတ်ဝင်စားလာတာ တွေ့ရတယ်။ အဲဒါကြောင့်ဘွဲ့ရပြီးတာနဲ့ လုပ်ငန်းခွင်မှာ Professional တစ်ဦးနီးပါး အလုပ်လုပ် နိုင်မှာပါ။ ကုမ္ပဏီတွေမှာ မလုပ်ဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုရင်လည်း ဒီပညာရပ်ကို အသုံးချလို့ရပါတယ်'' ဟု Myanmar Search International (MSI) မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောကြားခဲ့သည်။ ဝင်ခွင့်သတ်မှတ်ချက်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသားများအတွက် စာမေးပွဲရမှတ်မှာ တစ်ဘာသာလျှင် ပျမ်းမျှအမှတ် ၆ဝနှင့်အထက် ရရှိရမည်ဖြစ်ပြီး မလေးရှားနိုင်ငံ တက္ကသိုလ် ကျောင်းများနှင့် နိုင်ငံတကာ အသိအမှတ်ပြု Foundation in Arts Science GPA 2.5 တွင် သို့မဟုတ် Foundation in Architecture Studies နှင့် တူညီသော အတန်းများတွင် CGPA 2.0 အနည်းဆုံး ရရှိမည် ဖြစ်သည်။ အင်္ဂလိပ်စာဝင်ခွင့် လိုအပ်ချက်မှာ IELTS 5.5 သို့မဟုတ် TOEFL 550 ရရှိထားရမည် ဖြစ်သည်။ အင်္ဂလိပ်စာ လိုအပ်ချက် မပြည့်မီသော ကျောင်းသား၊ ကျောင်းသူများအတွက် UCSI ၏ Additional English Module (s) ဘာသာရပ်အဖြစ် ယခု ဘွဲ့ဒီဂရီတန်းတွင် ထပ်တိုးယူနိုင်ကြောင်း သိရသည်။

No comments:

Post a Comment