နေပြည်တော် စက်တင်ဘာ ၂၈
နေပြည်တော် ကောင်စီနယ်မြေ
ပျဉ်းမနားမြို့နယ် မင်္ဂလာ (၈) လမ်းရှိ စာပေဖြန့်ချိရေး ဆိုင်များနှင့်
စတိုးဆိုင် ကြီးများမှ သီတင်းကျွတ်အကြို ရန်ကုန်လုပ် (မြန်မာဖြစ်)
မီးပုံးများနှင့် တရုတ်နိုင်ငံမှ
တင်သွင်းသော မီးပုံးများ၊ ကလေးများအကြိုက်
မီးလင်းချောင်း မျိုးစုံများ အရောင်အသွေး စုံလင်စွာ
ရောင်းချလျက်ရှိကြောင်း သရဖူမီးပုံး အရောင်းဆိုင်မှ သိရသည်။ ရန်ကုန်လုပ်
မြန်မာ မီးပုံးများမှာ ငွေကျပ် ၂ဝဝ မှ ၄ဝဝ အထိသာ ဈေးရှိပြီး
တရုတ်မီးပုံးများ ဖြစ်သည့် ရှန်ကင်၊ ဘုံကျောင်းနှင့် ကတ္တီပါဒိုင်းမွန်း
မီးပုံးများမှာ ငွေကျပ် ၁၅ဝဝ မှ ၃ဝဝဝ အထိရှိပြီး မီးလင်းချောင်း များ
ဖြစ်သည့် မြွေ၊ ဂျင်စသည့် ကလေးကစားစရာ မီးလင်း အရုပ်များမှာ ငွေကျပ် ၆ဝဝ မှ
၁ဝဝဝ အထိရှိကြောင်း သိရသည်။ နေပြည်တော် ကောင်စီ နယ်မြေအတွင်းတွင်
မီးပုံးများနှင့် မီးပုံးပျံ အလတ်စားများ၊ မီးလင်းချောင်းများသာ ရောင်းချ
နေကြပြီး မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများကိုမူ ပြည်သူများ
လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် စည်းကမ်းသေဝပ်ရေး အတွက် ဥပဒေပုဒ်မ
၂၈၆ အရ မည်သူမဆို သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊
ရှို့လွှတ်ခြင်း၊ ပစ်ဖောက်ခြင်းနှင့် ရောင်းချခြင်း အားလုံးတို့ကို
မပြုလုပ်ရကြောင်း၊ လိုက်နာခြင်း မရှိပါက တည်ဆဲ ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးမှ တားမြစ် သတိပေးထားကြောင်းလည်း သိရသည်။

No comments:
Post a Comment